စာအုပ်အမည် ။ ။ မုန်း၍မဟူ
ရေးသူ ။ ။ဂျာနယ်ကျော်မမလေး
စာအုပ်တိုက် ။ ။ ကံ့ကော်ဝတ်ရည်
စာမျက်နှာ ။ ။၂၈၈
မုန်း၍မဟူ တဲ့ တကယ့်ကို စာအုပ်နာမည်နဲ့ အတိုင်း
ထက်လွန်လိုက်ဖက်တဲ့ စာအုပ်။ တရုတ် ၊အင်္ဂလိပ် ၊ပြင်သစ် ၊ရုရှ ၊ဥဇဘက် ဘာသာငါးမျိုးနဲ့ ပြန်ရတဲ့အထိကို ကောင်းလွန်တဲ့စာအုပ်။
''ဝေဝေ'' ဖတ်ရင် ဖတ်ရင် အကြိမ်ကြိမ်မျက်ရည်ဝဲရတဲ့ဇာတ်ကောင် ချစ်ရတဲ့သူတစ်ဖက် ဖခင်ကြီးတစ်ဖက် နဲ့ဗျာများခဲ့ရတဲ့သူ။
အိမ်ထောင်ရက်သာ ကြပြန်တော့လည်း ရောဂါသည် ဖခင်ကြီးဆီသွားချင် ခင်ပွန်းဖြစ်သူကမကြိုက် ကိုယ့်အိမ်ကိုယ့်ယာ ကို တစ်နေ့တစ်ကြိမ်သာ သွားခွင့်ရတဲ့ မိန်းမချောလေး ဝေဝေ။ အချစ်ကြီးလွန်တဲ့ ခင်ပွန်းဖြစ်သူရဲ့ ကကြိုးရုပ်ကလေးပမာနေခဲ့ရတဲ့ ဝေဝေ။ဖခင်ကြီးအသည်းအသန်ဖြစ်နေချိန် သွားခွင့်မရ မျက်ရည်တွေနဲ့သာနေခဲ့ရတဲ့ဝေဝေ။ နောက်ဆုံးအချိန်ထိ မိမိဆန္ဒကိုမျိုးသိပ် ရင်ထဲမှာကျိတ်မှိတ်ခံသွားရှာတဲ့သူ ။ ဝေဝေ နေရာနေရင် အကြိမ်ကြိမ် မွန်းကြပ်နေဆဲပါပဲ။
'' ဦးစောဟန်'' အသက်ကြီးမှ ၁၇ နှစ်အရွယ် ဝေဝေ ရဲ့အချစ်ကို ရခဲ့တဲ့ ဦးစောဟန် ။နေပုံ ထိုင်ပုံ အနောက်တိုင်းဆန်တဲ့သူ ။
မိမိ ချစ်သူကို အမြဲပြုံးရွှင်နေတာပဲ မြင်ချင်တဲ့သူ။ ဇနီးဖြစ်သူကို အရိပ်တကြည့်ကြည့် အချစ်ကြီးခဲ့တဲ့ သူ ။ အပြစ်မြင်ခဲ့မိသမျှ အပြစ်မြင်ရက်စရာမရှိတဲ့သူ ။
ဦးစောဟန် နဲ့ ဝေဝေ ကိုကြည့်ပြီ ဝေဝေကို အဝေးကပဲ သနားခဲ့ရတဲ့ ထားထားရဲ့ အမတစ်ဦးရဲ့စိတ်နေစိတ်ထား ဟာကွက်မရှိ
ဂရုဏာရသ အပြည့်အဝခံစားရတဲ့ မုန်း၍မဟူ။ သမီးဖြစ်သူကိုနောက်ဆုံးအကြိမ်မှာတောင်တွေခွင့်မရသွားရှာတဲ့ ဦးဘိုးသိန်း။
နှမလေးအပေါ်အပြစ်အမြင် ဂရုဏာသာပိုခဲ့တဲ့ကိုနေဦး။စိတ်အစုံကို
လှုပ်ခါသွားစေတဲ့ မုန်း၍မဟူ။
ဆရာတော် ဦးဝရိယ(အရှင်ရဝေ)မိန့် သလိုပဲဗျာ
''မုန်း၍မဟူ''ဖတ်ရတာ ပိဋကတ်သုံးပုံ ဖတ်ရသလိုပဲတဲ့ နုတ်စရာ ဖြတ်စရာ အပိုအလိုမရှိတဲ့စာအုပ်လို့ပြောတာ လွန်စရာရှိမယ်မထင်ဘူးဗျာ။ ကျွန်တော်အမြင်ပြောရရင် မုန်း၍မဟူ ကို definition ဖွင့်မယ်ဆိုရင် တစ်အုပ်လုံးဖတ်မှ ပြည့်စုံမယ်ထင်တယ်ဗျာ။ ။
ဂျာနယ်ကျော်မမလေး - မုန်း၍မဟူ
📚📚
Adfly
http://raboninco.com/HJXG
Ylink
https://paypou.com/t0KF
No comments:
Post a Comment