မြန်မာပြည်မြောက်ပိုင်း - နတ်နွယ်
ဒီစာအုပ်ဟာ သမိုင်းမဟုတ်သလို ၊ အတ္ထုပတိ္တ လည်း မဟုတ် ဝတ္ထု သာ ဖြစ်တယ်လို့ ဆရာ နတ်နွယ်က ပထမဉီးဆုံး အမှာစာမှာ ရေးသားထားပါတယ်။
ပုဂံမင်းဆက် သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း နယ်ချဲ့တွေကို မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင် ၊ ရှမ်း ၊ ဗမာ စတဲ့ တိုင်းရင်းသား မျိုးချစ်လူမျိုးနွယ်စုများမှ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှနဲ့ တွန်းလှန် ပုံတို့ကို့ ဆရာနတ်နွယ်က အကြောင်းအရာ စုံလင်စွာဖြင့် ဝတ္ထုရှည်ကြီးသဖွယ် ရေးဖွဲ့ထားပါတယ်။
မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ရှမ်းလူမျိုး ၊ ကချင်လူမျိုး တို့ရဲ့ ရိုးရာ ဓလေ့ စရိုက်သဘောသဘာဝ အစားအစာတွေ အကြောင်း ၊ ဆင်တောလိုက် ဖမ်းနည်း တို့အပြင် အဲ့ခေတ်အခါအညာဒေသ အစားအစာတွေဖြစ်တဲ့ ပုတက်ကင် ၊ ယုန်သားဟင်းချို ၊ နွားနို့ခဲကြော် နဲ့ ယုန်လိုက်နည်း ယုန်ထောင်ဖမ်းနည်း တို့ကိုပါမကျန်အောင် အသေးစိတ် ရေးသားထားပါတယ်။
ဇာတ်ကောင် တွေကို တိုင်းရင်းသား တွေရဲ့ စကားပြောဟန် နဲ့ ရေးဖွဲ့ထားတာ ဖတ်ရတာ အရသာ ရှိသလို အရေးတော်ပုံ ထဲမှာ ပါဝင်ကြတဲ့ သူတွေ တဉီးနဲ့တဉီး အရေးကြုံလာရင် ရှမ်း၊ ကချင် ၊ ဗမာရယ် လို့ မခွဲခြားပဲ စိတ်ရင်းနဲ့ ကူညီကြပုံတွေ ဟာ ချစ်စရာ ကောင်းလှပါတယ်။
မိသားတစု ထဲကနေ တဝမ်းတည်း မွေးခဲ့ကြပေမဲ့ အချိန်တွေကြာလာတာ နဲ့အမျှ ခံယူချက် မတူညီ လို့ ရပ်တည်ပုံ ကွဲသွားရတာတွေ ရယ် ပြီးတော့ ဒီစာအုပ်ထဲမှာ ပါတဲ့ ဇာတ်ကောင်တွေဟာ တခြား စာအုပ်တော်တော်များများထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေလိုမျိုး (မြန်မာ ကားတွေထဲကလို)ဘယ်သူက ဘာဖြစ်မယ် ဆိုတာကို ကြိုမှန်းလို့မရနိုင်အောင် သဘာဝကျကျ သူ့နေရာနဲ့သူ ထည့်ထားတာ ဆရာကြီးရဲ့ အရေးအသား ကို ဩ ချလောက်အောင်ကို ကြိုက်မိတယ်။အထူးသဖြင့် ဘကြီးမုံး ၊ မနှင်းဖြူ ၊ဒေါ်စောရုံ ၊မခေါင်ညွယ်၊လဖိုင်လ ၊မဗျိုင်းဖြူ တို့လို ဇာတ်ကောင်နေရာတွေဆို ကြည်နူးခြင်း ၊ သနားခြင်း တို့ ဖြစ်မိသလို ဉီးရွှေကြာ၊ လဗျဂမ် ၊ ဇော်တူး ၊မနန်းခင် တို့လို ပုဆိန်ရိုး တွေကျပြန်တော့လည်း စိတ်နာစရာ၊ ဒေါသဖြစ်စရာ ကောင်းလှပါတယ်။
ဇာတ်အိမ်တအား ခိုင်မာပြီး စာအုပ်ထူပေမယ့် တခန်းနဲ့တခန်း ပျင်းရိဖွယ် မဖြစ် အောင် ဆွဲခေါ်သွားနိုင်တဲ့ စာအုပ်ကောင်းတအုပ်ပါ။ အခုလို ကပ်ရောဂါရှောင်ရင်း အိမ်တွင်း အောင်နေရတဲ့ အချိန်မျိုးမှာ ဖတ်ရှုသင့်ပါတယ်။
📚📚
adfly
http://raboninco.com/GTDh
Ylink
https://paypou.com/JxpvrnSK
No comments:
Post a Comment