ထမီကျွတ်၍ လွှတ်လိုက်မည်
မောင်သာရ
" မချစ်ခင်မနှစ်သက်ပဲလျက် ချစ်ခင်နှစ်သက်ပါသည်ဟု ဝန်ခံရခြင်းသည်လည်းကောင်း.. ချစ်ခင်နှစ်သက်ပါလျက်နှင့်လည်း မချစ်ခက်မနှစ်သက်ပါဟု ဟန်ဆောင်ရခြင်းသည်လည်းကောင်း ဆင်းရဲခြင်းမည်ပါသည်.. ဤ ဝတ္ထုကို ရေးရာ၌လည်း များစွာစိတ်ဆင်းရဲရပါသည်.. " လို့ မှာတမ်းခြွေပြီး
ဆရာကြီး မောင်သာရက ဝတ္ထုကို စဖွင့်ပါတယ်..
ရန်ကုန်ဘူတာကြီးမှာ ဂရေ့စ့် ခေါ် ဆိုးဆိုး ဆိုတဲ့ အလှပဂေးမလေးနဲ့ အမှတ်မထင်ဆုံရာက အစပြုလို့ မောင်မောင်တစ်ယောက် အချစ်ရူးကြီး ရူးပါတယ်.. သူ့စိတ်ထဲမှာ ကြိတ်ပြီး မသည်းအူလို့ နာမည်ပေးထားတဲ့အထိ.. ကံကောင်းချင်တော့ ရထားပေါ်မှာ မသည်းအူရဲ့ မိခင်နဲ့ မဆိုစလောက်လေး ရင်းနှီးလိုက်တယ်.. ဒီတော့ ကျောက်ဆည်မှာရှိတဲ့ မသည်းအူတို့အိမ်ကို ချောင်းပေါက်ဖို့ အကြောင်းဖန်တယ်..မောင်မောင်ဟာ တစ်ကျောင်းတည်းနေတဲ့ မသည်းအူရဲ့ အစ်ကိုကြီးနဲ့လည်း ရင်းနှီးအောင်လုပ်တယ်.. အိမ်ကို ဝင်ထွက်ရင်းနဲ့ပဲ မသည်းအူကလည်း မောင်မောင့်အပေါ် စိတ်ညွှတ်တယ်.. သံယောဇဉ်တွယ်လာတယ်... ချစ်စခင်စပြုလာတယ်.. မောင်မောင့်စိတ်ထဲမှာလည်း ကာယကံရှင်အပါအဝင် မိဘမောင်ဖွားတွေကပါ ကြည်ဖြူနေပြီဆိုပြီး အပိုင်တွက်တယ်.. ဒါပေမဲ့ မသည်းအူမှာ မိဘချင်း သဘောတူထားတဲ့သူက ရှိနေသတဲ့.. ဒါကို မသည်းအူ အမေကြီးက ပြောလို့သိရတာ.. မောင်မောင်ကလည်း မခွဲနိုင်.. မသည်းအူကလည်း အဲ့ဒီသဘောတူထားတဲ့သူနဲ့ လက်မဆက်ချင်ပါဘူးဆိုတော့ ဘော်ဒါတစ်စုကောင်းမှုနဲ့ မောင်မောင်နဲ့သည်းအူ ခိုးပြေးကြတယ်.. မသည်းအူအိမ်က တော်တော်သဘောထားတင်းသွားတယ်.. " ပြန်ပေးဆွဲခြင်း " ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတင်းစာကကြေညာတယ်..
မောင်မောင်နဲ့သည်းအူကတော့ ပုန်းကောင်းတုန်းပဲ..အကြမ်းနည်း မရမှန်း သိတော့ ..သည်းအူတို့ မိဘတွေဘက်က အချိုသပ်တယ်.. မောင်မောင့်မိဘတွေကို ကပ်ပြီး သဘောတူတယ်..ပေးစားမယ်..တင့်တောင့်တင့်တယ် မင်္ဂလာဆောင်ပေးပါရစေပေါ့.. ဂုဏ်သရေရှိပုဂ္ဂိုလ်တွေရဲ့ ပါးစပ်ကထွက်လာတဲ့ ဒီစကားတွေကို မောင်မောင့်မိဘတွေအပြင် မောင်မောင်ပါ ယုံစားမိလေတယ်.. မယုံတာက သည်းအူတစ်ယောက်တည်း.. ဒါပေမဲ့ အားလုံးက အဆင်ပြေမှာပါဆိုပြီး မသည်းအူတစ်ယောက်တည်း ကွက်ငြင်းတဲ့ကြားက သူ့မိဘတွေရဲ့ အစီအစဉ်ကို လက်ခံလိုက်ကြတယ်.. ဒါနဲ့ ကျောက်ဆည်ကို မင်္ဂလာဆောင်ဖ်ုိ့အသွား မြို့အဝင်ဂိတ်မှာပဲ.. မောင်မောင်တို့ ကားအတားခံရတယ်..မောင်မောင်တို့ အားလုံးအဖမ်းခံရတယ်.. အရင်က သတင်းစာမှာကြေညာထားပြီးဖွင့်ထားတဲ့အမှုက မရုတ်သိမ်းရသေးဘူးလို့ဆိုတယ်.. ဒီမှာ အားလုံးဟာ မသည်းအူမိဘတွေရဲ့ လှည့်ကွက်မှာ မိတော့တာပဲ.. မသည်းအူအိမ်ကို ပြန်ပါသွားတယ်.. မောင်မောင်နဲ့အပေါင်းအပါတွေဟာ သွေးဆောင်ဖြားယောင်းမှုနဲ့ တရားအစွဲခံရတယ်.. မသည်းအူရဲ့ဖြောင့်ချက်ဟာ အခရာဖြစ်လာပြီ.. ချစ်လှပါပြီဆိုတဲ့ မသည်းအူသာ မှန်မှန်ကန်ကန်ထွက်ဆိုလိုက်ရင် မောင်မောင်တို့တသိုက်လုံး လွတ်ပြီပဲ..ဒါပေမဲ့ ရုံးထုတ်မယ့်နေ့ရောက်တော့ မသည်းအူတစ်ယောက် ရုံးတော်ထဲကို ခေါင်းငိုက်စိုက်ချတဲ့အနေအထားနဲ့ ဝင်ချလာတယ်.. လွမ်းဆွတ်တသစွာနဲ့ မျှော်လင့်တကြီးနဲ့ကြည့်နေတဲ့ မောင်မောင့်မျက်လုံးတွေကိုတောင် ကြည့်ဖော်မရဘူး.. ပြီးတော့ သည်းအူမရဲ့ထွက်ချက်တွေဟာ အဖြစ်အပျက်တွေနဲ့ ပြောင်းပြန်.. မောင်မောင့်ရင်တွေ အသည်းတွေကိုပါ ဆွဲလှန်ချလိုက်လေတယ်.. မသည်းအူတစ်ယောက်ကို ဘယ်လိုအကြောင်းအရာတွေကများ ပြောင်းလဲစေလိုက်လဲမသိ...
အဓိကကတော့ မသည်းအူဝန်ခံသလိုပဲ ..သူ့ရဲ့ အကြီးဆုံးအမှားဖြစ်တဲ့ သူ့ရဲ့သံသယဟာ သူ့ကို ပြန်သတ်သွားတာ.. လောကက သင်ပေးလိုက်တဲ့ သင်ခန်းစာတွေနဲ့ ရင့်ကျက်ရပြီးတဲ့ မသည်းအူဟာ နောက်ပိုင်းဖြစ်ပျက်ရတဲ့အဖြစ်အပျက်တွေကိုလည်း သူ့ထိုက်နဲ့သူ့ကံလိုပဲ သဘောထားပြီး အံခဲဖြတ်တယ်..ရုပ်ရှင်လောကရဲ့ဖဲဝိုင်းတွေထဲ ကျင်လည်ရင်း ရုပ်ရှင်မင်းသမီးဖြစ်လာခဲ့တယ်.. ပိုစိတ်ဝင်စားစရာ ကောင်းတာက ဆရာကြီးမောင်သာရရဲ့အမှာစာအရ ဒါဟာ တကယ့်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ အကြောင်းလို့ ဆိုခဲ့တာပဲ .. ဘယ်သူများလဲ မသိနော်.. 😁
ပြီးတော့ ဝတ္ထုခေါင်းစဉ်လေးလည်း သဘောကျမိတယ်..ဆရာကြီးတို့ ငယ်တုန်းက ကြက်ခွပ်တမ်း လွန်ဆွဲတမ်း ကစားကြတဲ့အခါ ရှံးတဲ့ဘက်က " ထမီကျွတ်လို့ လွှတ်လိုက်မယ်.. နိုင်တယ် မထင်ကြနဲ့ " လို့ အော်တတ်ကြသတဲ့ .. တကယ့် လက်တွေ့ဘဝမှာလည်း ကိုယ့်အခြေအနေနဲ့ ဘယ်လိုမှမတတ်နိုင်တော့တဲ့အနေအထားမျိုးဆိုရင် စွန့်လွှတ်စရာရှိရာစွန့်လွှတ် အရှုံးပေးစရာရှိတာပေးလို့ ထမီကျွတ်၍ လွှတ်လိုက်ရတာတွေက အများသားပဲ မဟုတ်လား...
မောင်သာရ - ထမီကျွတ်၍ လွှတ်လိုက်မည်
📚📚
adfly
http://raboninco.com/HJXs
Ylink
https://paypou.com/ZymgN
No comments:
Post a Comment