Friday, September 25, 2020

စာအုပ်အမည်....သီလဝံသဓား

ရေးသူ.... နိုင်ဇော်

စာမျက်နှာ ( ၆၄၉ )မျက်နှာပါ၀င်ပြီး
သီရိ၀စ္ဆစာပေမှ ၂၀၁၃၊ဒီဇင်ဘာတွင် တန်ဖိုး မြန်မာကျပ်
ငွေ ၉၅၀၀ကျပ်တိတိဖြင့် ပထမအကြိမ်အဖြစ်
ထုတ်ဝေထားသည်။

  

" ယောက်ျားမှန်ရင် ဓားရေးလည်း ကျွမ်းကျင်ရမယ်။
   အမြှောက်၊သေနတ်၊လက်နက် အတတ်မျိုးစုံကိုလည်း
   သင်ယူဖို့ လိုတယ်ဗျ။" လို့ဆိုသော ကနောင်ကိုယ်တော်
လေးရဲ့ အမှုတော်ထမ်း အရှေ့ရုံးတော်မှ ထောင်မှူးလေးအောင်သာ။
“ မြတို့ကတော့လေ၊ဝံပုလွေကို လင်လုပ်ထားရသလို
ပါပဲ။ရင်တထိတ်ထိတ်နဲ့ ကြောက်စရာ။ ” လို့
မယားဖြစ်သူမမြရည်ကပင် ပြောယူရသည့်
အေးစက်မာကြောသည့် စစ်သားတဦး။သားလေးမောင်ရွေးက သူ့ဘ၀။
အောင်သာ့အထက်မြို့၀န်က ဦးဘိုင်ဆတ်။
“ နန်းမြေ ကနက်ကို
   ထန်းရည်တခွက်လောက်
   တန်ဖိုးထားခဲ့တာမှ မဟုတ်တာ” ဟု ဆိုလေသူ
ပုဂံမင်းလက်ထက်တော်။
ကိုအောင်သာ့ ဦးလေးတော် ဘုရင့်ပဲ့နင်းကြီးဦးမြတ်ထွန်း
ဟာ ကြေးတိုက်ထဲရောက်နေသည်။အပြစ်က
ဘုရင့်ယောက်ဖဓနုဖြူမြို့စား လူဝါး၀တာကို
ဖီဆန်မှု။သူ့ကို ဆင်းဖမ်းတာက ကနောင်ကိုယ်တော်။
တကယ်တမ်းက ဖမ်းတယ်ဆိုတာထက် အကျိုးသင့်
အကြောင်းသင့်ပြောဆိုပြီး အမရပူရနေပြည်တော်ကို
ခေါ်လာတာ ဆိုရင် ပိုသင့်တော်ပါသည်။ကနောင်ကိုယ်
တော်နဲ့ခြေကျင်းခတ်ခံထားရတဲ့ဦးမြတ်ထွန်းတို့
လှေ၀မ်းထဲမှာ သီချင်းတွေတောင် အတူတူအော်ဆိုကြပါ
သည်..တဲ့။ဦးမြတ်ထွန်းမှာက မောင်ဗျတ်ကြီးနဲ့
မမြသွေးဆိုသော သားနဲ့သမီးရှိသည်။ဦးမြတ်ထွန်း
ကြေးတိုက်ထဲရောက်နေချိန် သားဖြစ်သူမောင်ဗျတ်ကြီး
က လူသတ်မှုနဲ့မော်လမြိုင်ဖက်ကို တိမ်းရှောင်နေရသည်။
မောင်ဗျတ်ကြီးရဲ့မိတ်ဆွေကမ္ဘာပတ်လာတဲ့ရှစ်စပ်ကဂျင်ခြေလည်သူရတနာကုန်သည်မောင်ရွှေရေးနဲ့မမြသွေးတို့ရဲ့အချစ်ရေး။
  တောင်သမန်တံတားဖွင့်ပွဲမှာ ပုဂံမင်းကို လုပ်ကြံတဲ့
အရေးအခင်းမအောင်မြင်လို့ သရက်မင်းသားကို
ထိုးကျွေးတဲ့ မြို့၀န်ဘိုင်ဆတ်၊စာရေးမောင်ပိန်တို့က
လိုက်သတ်သဖြင့် ရန်ကုန်ကိုဆင်းပြီး အမှုတော်ထမ်းရင်း
ခဏရှောင်လာတဲ့ ကိုအောင်သာနဲ့ အမရပူရနန်းတော်ကို
ရတနာအရောင်းအ၀ယ်စနည်းနာရင်း ဇလွန်မြို့၀န်ဦးရွှေပွင့်နဲ့အတူ လိုက်လာတဲ့ မောင်ရွှေရေးတို့ လမ်းခရီးမှာကြုံကြိုက်ပြီး မိတ်ဆွေဖြစ်ကြသည်။
  ကိုအောင်သာက ရှင်းလင်း၊ကျဉ်းမြောင်း၊တိုတောင်း၊
ဖြောင့်စင်းစွာ မြင်သော စစ်သား။
  မောင်ရွှေရေးက ရှုပ်ထွေး၊ကျယ်ပြန့်၊ရှည်လျား၊
ကောက်ကွေ့စွာ မြင်သော ကုန်သည်။
  ဘိုင်ဆတ်၊မောင်ပိန်တို့နဲ့ မင်တုန်း၊ကနောင်၊မင်းသားကြီးဦးကျောက်လုံးတို့ နှစ်ဖက်အားပြိုင်မှု။
  အသက်ငယ်ငယ် လူကောင်သေးသေး ချောင်းတဟွတ်
ဟွတ်နဲ့ လော့ဒ်ဒါလဟိုဇီနဲ့ အရပ်မြင့်မြင့် ဗလကောင်း
ကောင်းနဲ့ ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်တို့ရဲ့
ပုဂ္ဂိုလ်ရေးအားပြိုင်မှု။
ဘိုင်ဆတ်နဲ့ငပိန်တို့ကို သုတ်သင်နိုင်တဲ့နေ့မှာပဲ
လင်းဘတ်ဟာ စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြစ်ထဲကို
ရောက်လာခဲ့ပြီ။
  ကျူးကျော်စစ်...။
  ဦးမြတ်ထွန်းဟာ ထောင်ကလွတ်ပြီးတော့ ရန်ကုန်ကို
မင်းသားကြီးဦးကျောက်လုံးနဲ့အတူ ဆင်းလာသည်။
  ရန်ကုန်နဲ့ရွှေတိဂုံကို ထားခဲ့ရပြီး၊ မုတ္တမ၊ပုသိမ်ကျ
ပဲခူးကို ခြေကုပ်ယူပြီး တိုက်ရတဲ့ တိုက်ပွဲတွေ။
စစ်သူကြီးဗန္ဓုလရဲ့သား သုံးဆယ်မြို့စား အသုံးမကျတဲ့
တိုက်ပွဲတွေ။‌
သမိုင်းထဲက တကယ့်တိုက်ပွဲတွေပါပဲ။
 
ဒီ၀တ္ထုကြီးမှာ အဓိကဇာတ်ကောင် ဘယ်သူဘယ်ဝါ
ဆိုတာ သတ်မှတ်ဖို့ ခက်ပါသည်။တကယ်ရှိခဲ့သောသူများ
ကလည်း ၀တ္ထုတွင် ဇာတ်ကောင်များအဖြစ်
ဆရာနိုင်ဇော် သွတ်သွင်းထားသည်မှာ လက်ရာမြောက်လှ
သည်။
  ၀တ္ထုနောက်ပိုင်းတွင် ဗိုလ်မြတ်ထွန်းသည် အဓိကသက်
၀င်ဇာတ်ကောင် လို့ပြောရမည်။
  ကျွန်တော် သဘောကျမိတာတွေက...
ကနောင်ကိုယ်တော် ဇာတ်ရုပ်။ဆိုင်းသံတွေကြားတော့
ဘာလဲလို့မေးတော့ ဘုရင်က သင်္ကြန်၃၇ရက်ကျနေတယ်
လည်း ဆိုရော ချာကနဲလှည့်ထွက်သွားတာ။
တောင်သမန်တံတားဖွင့်ပွဲ မသွားဖို့ နောင်တော်ပုဂံမင်း
ကို တားတဲ့နရော။
လော့ဒ်ဒါလဟိုဇီ ဇာတ်ရုပ်။ လင်းဘတ်ကို နိုင်ငံရေး
သမားပီပီ စကားတွေနဲ့ချုပ်တဲ့အခန်းတွေမှာ
ဆရာနိုင်ဇော်ရဲ့ စကားပြောအသုံးတွေဟာ ဖတ်ရတာ
အင်မတန်အရသာရှိသည်။
ယောအတွင်း၀န်ဦးဖိုးလှိုင်ရဲ့ ဦးပဉ္စင်းဘ၀၊မြ၀တီမင်းကြီး
ဦးစရဲ့ဘ၀နေ၀င်ချိန်ဇာတ်ရုပ်၊ဘုရင့်ယောက်ဖ
မင်းသားကြီးဦးကျောက်လုံးဇာတ်ရုပ်တွေကိုလည်း
သဘောကျမိသည်။
  သမိုင်းအကြောင်းအနေနဲ့ အရမ်းမရင်းနှီးသေးတဲ့သူ
တွေအတွက်လည်း ပြည်မင်းသား၊ပခန်းမင်းသား၊
စကြာဒေဝီတို့အကြောင်းကို ပေါ့ပေါ့ပါးပါးသိနိုင်သလို၊
ထိုခေတ် အမရပူရနန်းတော်မြို့ကွက်အနေအထား၊
တရုတ်တို့နဲ့ကုန်သွယ်ရေးအကြောင်း၊ဘိန်းစစ်ပွဲ
တို့ကို သဘောလောက်ဖတ်ရင်း မပျင်းရဘဲသိနိုင်သည်။
ဦးပိန်တံတား သမိုင်းအကျဉ်း( မြို့၀န်စာရေးမောင်ပိန်
တို့ သူ့ဘ၀မှာ ကောင်းတာဆိုလို့ ဒီတံတားပဲ ရှိတာ
ဆိုသော အယူအဆရှိသူများ ဆင်ခြင်စရာ )၊
ထောင် မလွယ်တံခါး၊ပါးကွက်သား ဆိုတာ ဘာလဲ။
သာယာ၀တီမင်းရဲ့ ကျွန်ဥပဒေ စသည်ဖြင့်
၀တ္ထုအသွားမှာ သမိုင်းဆိုင်ရာသုတတွေကို
အံ၀င်ဂွင်ကျ ရေးထည့်ထားတာ လေးစားဖွယ်ရာပါ။

📚📚
http://rantenah.com/2Gax




ကာတွန်းပေါက်ပေါက် - ရာဇ၀င်ထဲက ယူနိုင်

📚📚
http://rantenah.com/2Gh1




ဇော်ဝင်းကြူ (ပျဉ်းမနား) - ထိပ်တန်းသို့ အံ့မခန်းတက်လှမ်းခဲ့သူ JEREMY LIN

📗📗👉
http://zipansion.com/3jrvQ




Wednesday, September 23, 2020

စောသီရိနှင့်ရွှေဦးခေါင်း

📚📚
http://rantenah.com/1yb

ပုံလေးတွေ အတွက် credit
Zero comic




မောင်စိန်ဝင်း(ပုတီးကုန်း) - သမုဒယဝတ်ရည်

📚📚
http://raboninco.com/2DpLh




လူနေ - အန်စာတုံး

📚📚
http://rantenah.com/tv




Wednesday, September 16, 2020

သိုးဆောင်း - မုဆိုးမရွာ
                      
ဟိုး  လွန်ခဲ့သော ကာလတစ်ခုစီက အမျိုးသမီးများသာ နေထိုင်သည့် ရွာလေးတစ်ရွာသည် စောင်းအိုလေးတစ်လက်နှင့်အတူ လှပသော မြစ်ကမ်းတစ်ခု၏ဘေးတွင် ဖြစ်တည်ခဲ့ဘူးလေသည် ။ ထိုရွာလေးသည် နေထိုင်သူ လူဦးရေအပေါ်တွင် အလွန်မှ အရေးထားသော
ရွာလေးဖြစ်၏ ။
     နေထိုင်သူရွာသူများသည် ဆန့်ကျင်ဘက် အရောင်အတွဲအစပ်များကိုသာ ဝတ်ဆင်လေ့ရှိသော ရက်ကန်းသမလေးများလည်းဖြစ်သည် ၊ထို့အတွက် ထိုရွာကို ရက်ကန်းရွာဟုလည်း ခေါ်ဆိုနိုင်ပါသည် ။ သူမတို့သည် "မြောက်ကျွန်းသူ " ဟု ခေါ်ရလောက်အောင် အလွန်တရာ လှပကြရာ ပတ်ဝန်းကျင်၏ ဂရုစိုက်မှုကို ပြင်းပြင်းပြပြ ရရှိထားသူများလည်း ဖြစ်၏ ။ ပြီးတော့ သူမတို့သည် ရွာ၏ဓလေ့ထုံးစံများကိုလည်း
အလွန်မှ ရိုသေကိုင်းရှိုင်းကြပါသည် ။
    ရွာလေး၌ ကြည်သောအဆင်းရှိသည့်ရေနှင့် သုဿန်တစ်ခု ရှိသည် ။ ထိုရွာလေးသည် အထွန်း ၊ ပုတိ ၊ ရာဇ ၊ ဘင်္ဂ ၊ မရဏ ၊ အဓိပတိ ၊ သိုက် ဟူသော အဖွားဆိုင်ရာ အမည်နာမနှင့် လင်္ကာတစ်ပုဒ်ပေါ်တွင်
အခြေတည်ထားပါသည် ။ သူ့တွင် ထင်ရှားသော မြေပုံတစ်ချပ်နှင့် သူ့ကို အထူးပြုသည့် ဝိသေသစကားများသည်လည်း ရှိသည် ။
    
        " နံပါတ်မစုံကာ သုညကမ္ဘာ ခံပါ တစ်လျှောက်လုံး
          နံပါတ်စုံက ကြိုးစားကြ ဖွေရှာသူတို့သုံး
          နားနဲ့လည်းမြင် ဉာဏ်နဲ့ဆင် မီရာစောင်းကြိုးပြတ်လိမ့်မည် ။
          အာရုံမလင်းခင် အရောက်ဝင် ရွှေစေတီသို့ နီးလိမ့်မည် ။ "

တကယ်တော့ ...   မြောက်ကျွန်းပုံပြင်သည် ပုံပြောသူ၏ စေညွှန်းရာအတိုင်းသာ အရာရာ ဖြစ်ပျက်လေ့ ရှိသည် ။

ထိုအရာသည် ... မနက်ခင်းတစ်ခုမှာ မွေးဖွားသန့်စင်လာခဲ့ပါသည် ။

📚📚
http://raboninco.com/2Cmno




Thursday, September 10, 2020

မောင်ကျော်သာ - စင်္ကါပူမှာလုပ်သည်

📚📚
http://raboninco.com/27XNg




ခမည်းကြိုး( ခင်ခင်ထူး )

" အချစ်ဆိုတာကလည်း တကယ်​​တော့ မ​နောဓါတ်နဲ့
စည်း​နှောင်တဲ့ ခမည်းကြိုးတစ်ကြိုးပါပဲရှင် ... "

- တာဝန် အရ သွားရမယ့်မြို့​လေးကို ရထားစီးပြီးထွက်လာတဲ့ ခင်​စောမူ တစ်​ယောက်
- မ​ကြေးစည် ဆိုတဲ့ ခရီးသွားဟန်လွှဲဆုံခဲ့ရသူ
လူကြုံ​ပါးလိုက်သော ဆယ်ပြား​စေ့သာသာ​လောက်ရှိတဲ့
​​ကျောက်ပြားမည်းမည်းက​လေး က အစပြုပြီး
- ကြုံရ ဆုံရ သိခဲ့ရ အ​ဖြေရှာရနဲ့ ပြသာနာ​ပေါင်း များစွာ
ဖြေရှင်းရင်း
- အဲ့ဒီမြို့​ဟောင်း​လေးမှာ အရင်က သစ်ထုတ်လုပ်​ရေးစခန်း​တွေ ၊
- စုန်းက​ဝေ ပညာသည်​တွေ ရဲ့ တစိတ်တပိုင်း​​​သော အတတ်ပညာအ​ကြောင်းတွေ ၊
- အချစ်ကြီးစွာ စွဲလမ်းမှု​တွေ ၊ ဇာတ်​ကောင်တစ်ဦးချင်းစီရဲ့ သ​ဘောထားခံယူချက်​တွေ၊
- မကြုံဖူး မကြားဖူး မမြင်ဖူး မသိဖူးတဲ့ ​တွေးစရာ ဗဟုသုတ​တွေ​ အများကြီးပါတာက
- ဇာတ်အိမ် အစအဆုံး ဆွဲ​ခေါ်​ခဲ့တာများ တစ်ည​နေ
တစ်ည​လုံး ဖတ်ယူခဲ့ရတဲ့စာအုပ်​လေး

📚📚
http://raboninco.com/27XBk




မမသဒ္ဒါမောင် - သူငယ်ချင်း

📚📚
http://raboninco.com/27XOR




Tuesday, September 8, 2020

ကာတွန်းသန်းကြွယ် - ဘားဝိဇ္ဇာ ထင်ပေါ်

📚📚
http://raboninco.com/25lrZ




Monday, September 7, 2020

တင့်ဆန်း - ငမိုးရိပ်မှငမိုးရိပ်သို့

📚📚
http://raboninco.com/24eY8






ကာတွန်းမြင့်သိန်း - မှို့တပိသာ=ခဲတပိသာ

📚📚
http://raboninco.com/24sqQ

ပုံလေးတွေ အတွက် credit
90's cartoons




Saturday, September 5, 2020

မွန်ဟော်စီ - အမာ

“အမာ”။ အမာဆိုသူကတော့မြန်မာနိုင်ငံရဲ့၆၁ယောက်မြောက် ဆရာဝန်တစ်ဦးဖြစ်ပါတယ်ဗျာ📖
“အမာ “ရဲ့ အစ အမာဟာ ရန်ကုန်မြို့လမ်းမတော်ကျောင်းမှာ ဒုတိယနှစ်ဆေးကျောင်းတက်နေသူတစ်ယောက်📗
ကြမ္မာဆိုးလို့ ပြောရမလားမသိဘူး
ကျောင်းတက်နေရင်း အဖေဆရာဝန်တစ်ဦး ရေဖျင်းရောဂါနဲ့ ဆုံးရှာသွားတယ်😓

သိပ်မကြာပါဘူး  ဒုတိယစစ်ရိုက်ခတ်မူ့နဲ့အတူ ကျနော်တို့မြန်မာနိုင်ငံမှာလဲ စစ်ပွဲတွေဖြစ်လာခဲ့တယ်  စစ်ကြီးအတွင်း “အမာ”တစ်ယောက် ခြေထောက်ကျိူးနေတာတောင် စစ်ဘေးရှောင်ဘဝရောက်ခဲ့တယ် ဘယ်လောက်ဒုက္ခရောက်ခဲ့မလဲ😓

စစ်ဗုံးကြဲတဲ့အထဲ “အမာ”တို့ရဲ့အိမ်ကလေးလဲပြာကြသွားခဲ့တယ်😔”အမာ”နဲ့အတူတစ်ဦးတည်းသောမောင်လေး ချစ်ရတဲ့အမေတို့ စစ်ပြေးရှောင်ဒုက္ခသယ်ဘဝ ရောက်ခဲ့တယ်😔”အမာ”တို့ပြေးရင်းလွှားရင် သဲသဲလူပ်ချစ်ရတဲ့မောင်လေး အပျင်းဖျားကာ ကျောက်တွေတစ်ကိုယ်လုံးပေါက်ကာဆုံးရှာသွားခဲ့တယ်😔💔

“အမာ”တစ်ယောက်စစ်ဘေးရှောင်ဘဝဟာ ကျီးလန့်စာစားပါဘဲ 😔💪🏻ထိုအချိန်တွင်”အမာ”ရဲ့အသက်ဟာ ၁၈နှစ်ဘဲရှိသေးပါတယ်💪🏻၁၈နှစ်သမီးတစိယောက်ရဲ့စစ်းဘေးရှောင် ကာလဟာ မမြင်ချင်အဆုံး မြင်နေရတဲ့အလောင်းတွေနဲ့အတူ ခက်ထန်နာကြီး ရင်ကွဲမတက်ဒဏ်ရာတွေနဲ့ ဖြတ်သန်းကာ အမေရှိသေးတဲ့အသိနဲ့ အသက်ဆက်ခဲ့ရပါတယ်😔💪🏻
စစ်အေးကာလ အမေနဲ့အတူ ရန်ကုန်မြို့က အမျိူးတွေအိမ်ရဲ့ နောက်ဖေးကလေးမှာ ကပ်နေခဲ့ရပါတယ်💪🏻”အမာ”ရင်ထဲမှာတော့ စံပယ်ရနံတွေ ပန်းဖြူဖြူတဲ့ ရှိတဲ့ မင်းဘူးကအတိတ်အိမ်လေးကိုသတိရလွမ်းဆွတ်ရင်းပေါ့😔

“အမာ”တစ်ယောက် ဆေးကျောင်းတက်ချိန်အများနည်းတူ ဆံကေသာလှလှလေးထားချင်လို့ 
ဆံပင်ညှပ်လိုက်မိရာ 💇‍♀️အမေတစ်ယောက်ရဲ့ ပါးရိုက်ဒဏ်ကိုခံစားလိုက်ရပါသည်။🙎‍♀️

အချိန်ကြလို့  လမ်းမတော်ဆေးကျောင်းသူ”အမာ”တစ်ယောက်
“ဘမောင်ချိန်”ဆိုတဲ့လူနဲ့ ချစ်ကျွမ်းဝင်ခဲပါတယ်👩‍❤️‍👨
“ဘမောင်ချိန်”ဟာ ခေတ်ပညာတက်တစ်ယောက်ဖြစ်သလို “အမာ” အပေါ်အရမ်းချစ်တဲ့သူတစ်ယောက်ပါ👬
သို့သော် “အမာ”ရဲ့ မမ အမေဆိုသူကတော့ “ဘမောင်ချိန်”ကို ခွေးဘီးလူးလိုသာမြင်ပြီး “အမာ”နဲ့သဘောမတူခဲ့ပါ😌💔သဘောမတူသည့်ကြားကမှ “ဘမောင်ချိန်”တစ်ယောက် “အမာ”ကိုနှစ်ကြိမ်တိုင်တိုင်ခိုးခဲ့ကာ မတည့်သော မမဟုဆိုသော”အမာ”ရဲ့အမေနဲ့ တစ်အိမ်ထဲ ချစ်ရတဲ့သမီးကိုယူကာ နေခဲ့လေသည်။

“အမာ”ဟာပညာရေးမှာခေသူမဟုတ်ဘဲ အဂ်လန်နိုင်ငံသို့ (Diploma in Child Health)ဒီပလိုမာသင်တန်းတက်ရန်အရွေးခံရသူဖြစ်သည်  📚ထိုထက်မက အဂ်လန်နိုင်ငံနေစဉ်ပင် “MRCPCH”ဆက်တက်ရန်အခွင့်အရေးရခဲ့သည်💪🏻သို့သော် “အမာ”တစ်ယောက် “MRCPCH”ကိုဆက်မတက်ဘဲ ခွဲနေရတဲ့မိသားစု  သူရှိမှအဆင်ပြေမယ့် အမေနဲ့ခင်ပွန်းဆီ ချစ်လွန်းလို့မွေးစားထားတဲ့သားလေး “အောင်ကျော်အေး”ဆီ အရမ်းဆောက်ချင်နေတဲ့ အိမ်ကလေးဆီ မိသားစုအရေးကိုဦးစားပေးကာ သက်ဆုံးတိုင်နေဖို့ပြန်လာခဲ့လေသည်။

ထိုထဲမှာပြည့်စုံစုံ “အမာ”အကြောင်းကို ခံစားမူ့ရသများစွာဖြင့် ဆရာမမွန်ဟော်စီဟာ စိတ်ကောကိုယ်ကောနှစ်ကာ ပုံဖော်ထားပါသည်။

📚📚
http://raboninco.com/23KyU




Friday, September 4, 2020

ရွှေသွေးဂျာနယ် ရွှေရတုအထိမ်းအမှတ်

📚📚
http://raboninco.com/22WWS