Friday, September 25, 2020

စာအုပ်အမည်....သီလဝံသဓား

ရေးသူ.... နိုင်ဇော်

စာမျက်နှာ ( ၆၄၉ )မျက်နှာပါ၀င်ပြီး
သီရိ၀စ္ဆစာပေမှ ၂၀၁၃၊ဒီဇင်ဘာတွင် တန်ဖိုး မြန်မာကျပ်
ငွေ ၉၅၀၀ကျပ်တိတိဖြင့် ပထမအကြိမ်အဖြစ်
ထုတ်ဝေထားသည်။

  

" ယောက်ျားမှန်ရင် ဓားရေးလည်း ကျွမ်းကျင်ရမယ်။
   အမြှောက်၊သေနတ်၊လက်နက် အတတ်မျိုးစုံကိုလည်း
   သင်ယူဖို့ လိုတယ်ဗျ။" လို့ဆိုသော ကနောင်ကိုယ်တော်
လေးရဲ့ အမှုတော်ထမ်း အရှေ့ရုံးတော်မှ ထောင်မှူးလေးအောင်သာ။
“ မြတို့ကတော့လေ၊ဝံပုလွေကို လင်လုပ်ထားရသလို
ပါပဲ။ရင်တထိတ်ထိတ်နဲ့ ကြောက်စရာ။ ” လို့
မယားဖြစ်သူမမြရည်ကပင် ပြောယူရသည့်
အေးစက်မာကြောသည့် စစ်သားတဦး။သားလေးမောင်ရွေးက သူ့ဘ၀။
အောင်သာ့အထက်မြို့၀န်က ဦးဘိုင်ဆတ်။
“ နန်းမြေ ကနက်ကို
   ထန်းရည်တခွက်လောက်
   တန်ဖိုးထားခဲ့တာမှ မဟုတ်တာ” ဟု ဆိုလေသူ
ပုဂံမင်းလက်ထက်တော်။
ကိုအောင်သာ့ ဦးလေးတော် ဘုရင့်ပဲ့နင်းကြီးဦးမြတ်ထွန်း
ဟာ ကြေးတိုက်ထဲရောက်နေသည်။အပြစ်က
ဘုရင့်ယောက်ဖဓနုဖြူမြို့စား လူဝါး၀တာကို
ဖီဆန်မှု။သူ့ကို ဆင်းဖမ်းတာက ကနောင်ကိုယ်တော်။
တကယ်တမ်းက ဖမ်းတယ်ဆိုတာထက် အကျိုးသင့်
အကြောင်းသင့်ပြောဆိုပြီး အမရပူရနေပြည်တော်ကို
ခေါ်လာတာ ဆိုရင် ပိုသင့်တော်ပါသည်။ကနောင်ကိုယ်
တော်နဲ့ခြေကျင်းခတ်ခံထားရတဲ့ဦးမြတ်ထွန်းတို့
လှေ၀မ်းထဲမှာ သီချင်းတွေတောင် အတူတူအော်ဆိုကြပါ
သည်..တဲ့။ဦးမြတ်ထွန်းမှာက မောင်ဗျတ်ကြီးနဲ့
မမြသွေးဆိုသော သားနဲ့သမီးရှိသည်။ဦးမြတ်ထွန်း
ကြေးတိုက်ထဲရောက်နေချိန် သားဖြစ်သူမောင်ဗျတ်ကြီး
က လူသတ်မှုနဲ့မော်လမြိုင်ဖက်ကို တိမ်းရှောင်နေရသည်။
မောင်ဗျတ်ကြီးရဲ့မိတ်ဆွေကမ္ဘာပတ်လာတဲ့ရှစ်စပ်ကဂျင်ခြေလည်သူရတနာကုန်သည်မောင်ရွှေရေးနဲ့မမြသွေးတို့ရဲ့အချစ်ရေး။
  တောင်သမန်တံတားဖွင့်ပွဲမှာ ပုဂံမင်းကို လုပ်ကြံတဲ့
အရေးအခင်းမအောင်မြင်လို့ သရက်မင်းသားကို
ထိုးကျွေးတဲ့ မြို့၀န်ဘိုင်ဆတ်၊စာရေးမောင်ပိန်တို့က
လိုက်သတ်သဖြင့် ရန်ကုန်ကိုဆင်းပြီး အမှုတော်ထမ်းရင်း
ခဏရှောင်လာတဲ့ ကိုအောင်သာနဲ့ အမရပူရနန်းတော်ကို
ရတနာအရောင်းအ၀ယ်စနည်းနာရင်း ဇလွန်မြို့၀န်ဦးရွှေပွင့်နဲ့အတူ လိုက်လာတဲ့ မောင်ရွှေရေးတို့ လမ်းခရီးမှာကြုံကြိုက်ပြီး မိတ်ဆွေဖြစ်ကြသည်။
  ကိုအောင်သာက ရှင်းလင်း၊ကျဉ်းမြောင်း၊တိုတောင်း၊
ဖြောင့်စင်းစွာ မြင်သော စစ်သား။
  မောင်ရွှေရေးက ရှုပ်ထွေး၊ကျယ်ပြန့်၊ရှည်လျား၊
ကောက်ကွေ့စွာ မြင်သော ကုန်သည်။
  ဘိုင်ဆတ်၊မောင်ပိန်တို့နဲ့ မင်တုန်း၊ကနောင်၊မင်းသားကြီးဦးကျောက်လုံးတို့ နှစ်ဖက်အားပြိုင်မှု။
  အသက်ငယ်ငယ် လူကောင်သေးသေး ချောင်းတဟွတ်
ဟွတ်နဲ့ လော့ဒ်ဒါလဟိုဇီနဲ့ အရပ်မြင့်မြင့် ဗလကောင်း
ကောင်းနဲ့ ရေတပ်ဗိုလ်မှူးချုပ်လင်းဘတ်တို့ရဲ့
ပုဂ္ဂိုလ်ရေးအားပြိုင်မှု။
ဘိုင်ဆတ်နဲ့ငပိန်တို့ကို သုတ်သင်နိုင်တဲ့နေ့မှာပဲ
လင်းဘတ်ဟာ စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြစ်ထဲကို
ရောက်လာခဲ့ပြီ။
  ကျူးကျော်စစ်...။
  ဦးမြတ်ထွန်းဟာ ထောင်ကလွတ်ပြီးတော့ ရန်ကုန်ကို
မင်းသားကြီးဦးကျောက်လုံးနဲ့အတူ ဆင်းလာသည်။
  ရန်ကုန်နဲ့ရွှေတိဂုံကို ထားခဲ့ရပြီး၊ မုတ္တမ၊ပုသိမ်ကျ
ပဲခူးကို ခြေကုပ်ယူပြီး တိုက်ရတဲ့ တိုက်ပွဲတွေ။
စစ်သူကြီးဗန္ဓုလရဲ့သား သုံးဆယ်မြို့စား အသုံးမကျတဲ့
တိုက်ပွဲတွေ။‌
သမိုင်းထဲက တကယ့်တိုက်ပွဲတွေပါပဲ။
 
ဒီ၀တ္ထုကြီးမှာ အဓိကဇာတ်ကောင် ဘယ်သူဘယ်ဝါ
ဆိုတာ သတ်မှတ်ဖို့ ခက်ပါသည်။တကယ်ရှိခဲ့သောသူများ
ကလည်း ၀တ္ထုတွင် ဇာတ်ကောင်များအဖြစ်
ဆရာနိုင်ဇော် သွတ်သွင်းထားသည်မှာ လက်ရာမြောက်လှ
သည်။
  ၀တ္ထုနောက်ပိုင်းတွင် ဗိုလ်မြတ်ထွန်းသည် အဓိကသက်
၀င်ဇာတ်ကောင် လို့ပြောရမည်။
  ကျွန်တော် သဘောကျမိတာတွေက...
ကနောင်ကိုယ်တော် ဇာတ်ရုပ်။ဆိုင်းသံတွေကြားတော့
ဘာလဲလို့မေးတော့ ဘုရင်က သင်္ကြန်၃၇ရက်ကျနေတယ်
လည်း ဆိုရော ချာကနဲလှည့်ထွက်သွားတာ။
တောင်သမန်တံတားဖွင့်ပွဲ မသွားဖို့ နောင်တော်ပုဂံမင်း
ကို တားတဲ့နရော။
လော့ဒ်ဒါလဟိုဇီ ဇာတ်ရုပ်။ လင်းဘတ်ကို နိုင်ငံရေး
သမားပီပီ စကားတွေနဲ့ချုပ်တဲ့အခန်းတွေမှာ
ဆရာနိုင်ဇော်ရဲ့ စကားပြောအသုံးတွေဟာ ဖတ်ရတာ
အင်မတန်အရသာရှိသည်။
ယောအတွင်း၀န်ဦးဖိုးလှိုင်ရဲ့ ဦးပဉ္စင်းဘ၀၊မြ၀တီမင်းကြီး
ဦးစရဲ့ဘ၀နေ၀င်ချိန်ဇာတ်ရုပ်၊ဘုရင့်ယောက်ဖ
မင်းသားကြီးဦးကျောက်လုံးဇာတ်ရုပ်တွေကိုလည်း
သဘောကျမိသည်။
  သမိုင်းအကြောင်းအနေနဲ့ အရမ်းမရင်းနှီးသေးတဲ့သူ
တွေအတွက်လည်း ပြည်မင်းသား၊ပခန်းမင်းသား၊
စကြာဒေဝီတို့အကြောင်းကို ပေါ့ပေါ့ပါးပါးသိနိုင်သလို၊
ထိုခေတ် အမရပူရနန်းတော်မြို့ကွက်အနေအထား၊
တရုတ်တို့နဲ့ကုန်သွယ်ရေးအကြောင်း၊ဘိန်းစစ်ပွဲ
တို့ကို သဘောလောက်ဖတ်ရင်း မပျင်းရဘဲသိနိုင်သည်။
ဦးပိန်တံတား သမိုင်းအကျဉ်း( မြို့၀န်စာရေးမောင်ပိန်
တို့ သူ့ဘ၀မှာ ကောင်းတာဆိုလို့ ဒီတံတားပဲ ရှိတာ
ဆိုသော အယူအဆရှိသူများ ဆင်ခြင်စရာ )၊
ထောင် မလွယ်တံခါး၊ပါးကွက်သား ဆိုတာ ဘာလဲ။
သာယာ၀တီမင်းရဲ့ ကျွန်ဥပဒေ စသည်ဖြင့်
၀တ္ထုအသွားမှာ သမိုင်းဆိုင်ရာသုတတွေကို
အံ၀င်ဂွင်ကျ ရေးထည့်ထားတာ လေးစားဖွယ်ရာပါ။

📚📚
http://rantenah.com/2Gax




No comments:

Post a Comment