Wednesday, September 16, 2020

သိုးဆောင်း - မုဆိုးမရွာ
                      
ဟိုး  လွန်ခဲ့သော ကာလတစ်ခုစီက အမျိုးသမီးများသာ နေထိုင်သည့် ရွာလေးတစ်ရွာသည် စောင်းအိုလေးတစ်လက်နှင့်အတူ လှပသော မြစ်ကမ်းတစ်ခု၏ဘေးတွင် ဖြစ်တည်ခဲ့ဘူးလေသည် ။ ထိုရွာလေးသည် နေထိုင်သူ လူဦးရေအပေါ်တွင် အလွန်မှ အရေးထားသော
ရွာလေးဖြစ်၏ ။
     နေထိုင်သူရွာသူများသည် ဆန့်ကျင်ဘက် အရောင်အတွဲအစပ်များကိုသာ ဝတ်ဆင်လေ့ရှိသော ရက်ကန်းသမလေးများလည်းဖြစ်သည် ၊ထို့အတွက် ထိုရွာကို ရက်ကန်းရွာဟုလည်း ခေါ်ဆိုနိုင်ပါသည် ။ သူမတို့သည် "မြောက်ကျွန်းသူ " ဟု ခေါ်ရလောက်အောင် အလွန်တရာ လှပကြရာ ပတ်ဝန်းကျင်၏ ဂရုစိုက်မှုကို ပြင်းပြင်းပြပြ ရရှိထားသူများလည်း ဖြစ်၏ ။ ပြီးတော့ သူမတို့သည် ရွာ၏ဓလေ့ထုံးစံများကိုလည်း
အလွန်မှ ရိုသေကိုင်းရှိုင်းကြပါသည် ။
    ရွာလေး၌ ကြည်သောအဆင်းရှိသည့်ရေနှင့် သုဿန်တစ်ခု ရှိသည် ။ ထိုရွာလေးသည် အထွန်း ၊ ပုတိ ၊ ရာဇ ၊ ဘင်္ဂ ၊ မရဏ ၊ အဓိပတိ ၊ သိုက် ဟူသော အဖွားဆိုင်ရာ အမည်နာမနှင့် လင်္ကာတစ်ပုဒ်ပေါ်တွင်
အခြေတည်ထားပါသည် ။ သူ့တွင် ထင်ရှားသော မြေပုံတစ်ချပ်နှင့် သူ့ကို အထူးပြုသည့် ဝိသေသစကားများသည်လည်း ရှိသည် ။
    
        " နံပါတ်မစုံကာ သုညကမ္ဘာ ခံပါ တစ်လျှောက်လုံး
          နံပါတ်စုံက ကြိုးစားကြ ဖွေရှာသူတို့သုံး
          နားနဲ့လည်းမြင် ဉာဏ်နဲ့ဆင် မီရာစောင်းကြိုးပြတ်လိမ့်မည် ။
          အာရုံမလင်းခင် အရောက်ဝင် ရွှေစေတီသို့ နီးလိမ့်မည် ။ "

တကယ်တော့ ...   မြောက်ကျွန်းပုံပြင်သည် ပုံပြောသူ၏ စေညွှန်းရာအတိုင်းသာ အရာရာ ဖြစ်ပျက်လေ့ ရှိသည် ။

ထိုအရာသည် ... မနက်ခင်းတစ်ခုမှာ မွေးဖွားသန့်စင်လာခဲ့ပါသည် ။

📚📚
http://raboninco.com/2Cmno




No comments:

Post a Comment