Thursday, June 3, 2021

Tazza 3:One Eyed Jack (2019)
========================

လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့
လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်…
ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။“ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား?
ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရော သူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ”
– Do Il-Chul[Zawgyi]လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်…ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။“ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား?
ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရော သူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ”

❤❤
ဒေါင်းရန်
http://fumacrom.com/fMGk




Tazza; The Hidden Card (2014)
============
IMdb Rating (6.9)

ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။

T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။
သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။
ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။

မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။
(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)

2006 မှာထွက်ခဲ့တဲ့  Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။

Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။  “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။

ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။

Pyung, Agwi နဲ့ Jjakgwi ပါ

Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊
Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ
Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။

Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။

ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေ
လိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။

❤❤
ဒေါင်းရန်
http://fumacrom.com/fMFu




Tazza; The High Rollers(2006)
=============
IMdb Rating (7.2)
Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။

ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊
ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။
Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။

ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။
ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။

အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေက
ငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။

Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်ဝက်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။

ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့
ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။

❤❤
ဒေါင်းရန်

http://fumacrom.com/fMGU