Monday, February 3, 2020

ဝင့်ပြုံးမြင့် - ဘူဒင်ဘရွတ် သို့မဟုတ် မိသားစုတစ်ခု၏ကျရှုံးခန်း
Thomas Mann - Buddenbrooks The Decline of the Family

၁။ မူရင်းစာရေးသူ နိုဘယ်ဆုရ
ဂျာမာန်လူမျိုး စာရေးဆရာကြီး
Thomas Mann ၏ ပွဲဦးထွက် လက်ရာဟုဆိုသည်။

၂။ဘာသာပြန်သူ စာရေးဆရာမ ဝင့်ပြုံးမြင့်၏
ဒုတိယမြောက် စာအုပ် ဖြစ်သည်။

၃။ စာမျက်နှာ ၈၀၀ နီးပါး ရှိသော
ဝတ္ထု ရှည်ကြီးဖြစ်သည်။

၄.။အမှာစာတွင် စာရေးဆရာ ကြီး များ
ဖြစ်ကြသော ပါရဂူ နတ်နွယ် မောင်မိုးသူ မြတ်ငြိမ်း
တင်မောင်မြင့် စသော ဘာသာပြန် အကျော်ဇေယျ
ဆရာများ၏ အမှာစာများပါဝင်ပါသည်။

၅။ ဝတ္ထု ဇာတ်လမ်း ဇာတ်အိမ်မှာ
ကြီးမားလွန်းလှသည်။
အဘိုး အဖိုး အဖေ သား စသည်ဖြင့်
မျိုးရိုးလေးဆက်တိုင် ကြွယ်ဝသော
မှူးမတ်ကုန်သည် မိသားစုကြီး၏
တရွေ့ရွေ့ တအိအိ ကျဆင်းပျက်စီး လာပုံများကို
အသေးစိတ်ရေးထားသည်။

၆။ အစတွင် ပျော်ရွှင်ဖွယ်ရာများဖြင့်စ ထားသည်။
ထို့နောက် ကောင်းတလှည့်ဆိုးတလှည့်
ပျော်တချီဝမ်းနည်းတချီဖြင့် ရေးဖွဲ့ထားသည်။
ဇာတ်လမ်းတခုလုံး ခြုံကြည့်ပါက
Decline ဟူသောသဘောကြောင့်
အစကောင်း၍ ဇာတ်သိမ်းမကောင်းပင်
ဖြစ်တော့သည်။

၇။ ရေးဖွဲ့ရာတွင် အချိန် ခုနှစ်များ
ထိုခေတ်အခါက အဝတ်အစား အနေအထိုင်
အသွားအလာ အသုံးအဆောင် များ
ပတ်ဝန်းကျင် ရာသီဥတု အချိန်ကာလ အပြောင်းအလဲများ လူပုံစံ အဝတ်အစား
အဆင့်ခဲခြားပုံများကို အသေးစိတ်တင်ပြထားသည်။

၈။ ဇာတ်ကောင်များကို အစ ပထမ၌ အသေအချာ ရေးဖွဲ့သည်။
ထို့နောက် အချိန်ကာလတိုက်စား မှုဖြင့်
သေဆုံးကြသည်။ စာရေးသူသည် ဇာတ်ကောင်ကို
သတ်လိုက်သဖြင့် ဖတ်သူ ကြောင်သလိုလို ဖြစ်သွားသည်။
ဖတ်နေရင်းဖတ်နေရင်းမှ အချိန် ကြာညောင်း
အသက် ကြီးလာသဖြင့် ဤ ဇာတ်ကောင်
ဘယ်တော့များသေဆုံးမည်နည်း ဟု
သခ်ါရသဘော ဖတ်သူ သဘောပေါက်လာသည်။

၉။ ဇာတ်လမ်းထဲတွင် ဘူဒင်ဘရွတ် မိသားစုဝင်များသည် ကံကြမ္မာကို ကြံကြံ့ခံသည်။
တက်နိုင်သမျှ အားလျော့သည်မရှိ။
ကြိုးပမ်းကြသည်။
မိသားစုဂုဏ်ကို အတက်နိုင်ဆုံး ထိန်းသိမ်းကြသည်။
စီးပွားရေးထိခိုက်တောင် ဆင်ပိန် ကျွဲလောက်
အဖြစ်မျိုးလောက်ရောက်အောင် ခုခံကြသည်။
မိသားစု၏ အစဉ်အလာစကားဖြစ်သော
"သားမောင် နေ့စဉ်နေ့တိုင်း မိမိလုပ်ငန်းစီးပွားကို
အားကြိုးမာန်တက် ရွက်ဆောင်လော့ သို့သော်
ညအခါ အိပ်မပျော်နိုင်လောက်အောင် ဖြစ်စေသော
အလုပ်ဟူသမျှကို ရှောင်ရှားပါလော့"
ဟူသော ဆောင်ပုဒ်စကားကို ထိန်းသိမ်းကြသည်။
သို့ရာတွင် ကံကြမ္မာငင်လာပါက ကျဆင်းမှုကို
မည်သူမျှ တားမရပါချေ။

၁၀။ ဤစာအုပ်ထဲ၌ ဂျာမန်ဒေသချင်းပင် ဖြစ်သော်လည်း ဓလေ့ စကားပြောခြားနားပုံ
လက်ဆပ်သော် မိန်းကလေးဘက်က ခန်းဝင်ကြေးပေးရပုံ
ချမ်းသားသော မျိုးရိုးမိသားစုသည်
အပတ်စဉ် တပတ်တကြိမ် မိသားစု
ညစာစားတွေ့ဆုံလေ့ ရှိကြပုံ များကို
လူ့သဘောသဘာဝ များ ရောပြွန်း၍
အကျအနရေးထားပါသည်။

၁၁။ ဤစာအုပ်သည် ထူထဲသော စာအုပ်
မျိုးရိုးအလိုက်ရေးဖွဲ့ထားသော
ဝတ္ထု ကြီးဖြစ်သည်။
ဖတ်ရကြာရှည် အီလေးနိုင်ပါသည်။
ပြုတ်ကျသည်မှာ
ရုတ်တရတ်ထိုးမကျဘဲ တအိအိကျသော
ပုံစံဖြစ်သော​ကြောင့် ဇာတ်သိမ်းမရောက်ပါက
ဇာတ်ရည်လည်ရန် ခက်သည် ယူဆမိသည်။
ဂျာမာန် နာဇီ ဟစ်တလာ လက်ထပ်တွင်
မီးတင်ရှို့ပိတ်ပင်ခံရသော ဤစာအုပ်သည်
ထူထဲသောအနေအထား ရှိသော်လည်း
လောကဓံအနေအထားများ
လူ့သဘောသဘာဝများစွာ ပါဝင်သဖြင့်
ဖတ်သင့်သော စာအုပ်စာရင်းထဲ ပါသည်ဟု
မြင်မိပါသည်။ ။

📚📚
http://scapognel.com/pEe



No comments:

Post a Comment