Saturday, February 8, 2020

ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့်အခါဝယ်

စာရေးသူ (ဘာသာပြန်) - ဌေးနိုင်

# ဖတ်ညွှန်း

ဘာသာပြန်သူက စာအုပ် ရဲ့ အဖွင့် မှာ “ဤစာအုပ် သည် တရုတ် ဆန့်ကျင်ရေး ဟောပြောချက် မဟုတ်။  တရုတ်မျှော် စာတမ်းလည်း မဟုတ်။ ဤသို့ ဖြစ်တော့မည်ဟူ၍ ခြောက်လှန့်ထားသည့် အနာဂတ္ထိကျမ်း လည်း မဟုတ်ပါ။” လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ မှာ ရောင်းအကောင်းဆုံး စာအုပ် တစ်အုပ် ဖြစ်တဲ့ ဒီစာအုပ်မှာ တနေ့တခြား စီးပွါးရေး၊ နိုင်ငံရေး နဲ့ စစ်ရေးတွေ မှာ အင်အား ကြီးမားလာနေတဲ့ တရုတ်ပြည်ဟာ ဘယ်လိုပုံနဲ့ ကမ္ဘာ့ မဟာ အင်အားကြီး နိုင်ငံ ဖြစ်လာမှာလဲ၊ ဘာကြောင့်လဲနဲ့ ဘယ်တော့လောက်မှာ ဖြစ်မှာလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ နဲ့ သုံးသပ် တင်ပြထားပါတယ်။ ဘာသာပြန်သူ ကလဲ မူရင်း အာဘော်ကို မပျောက်စေပဲ မြန်မာတွေနဲ့ ရင်းနှီးပြီးသား စီးပွါးရေး၊ နိုင်ငံရေး ဝေါဟာရတွေ ကို အသုံးပြုထားတာ ကြောင့် ရှားရှားပါးပါး ဖတ်လို့ကောင်းတဲ့   နိုင်ငံရေးစာအုပ် တစ်အုပ်လဲ ဖြစ်ပါတယ်။

သာမန် အရပ်သား စာဖတ်သူတစ်ယောက် အနေနဲ့ ဒီစာအုပ်ပါ တင်ပြချက်တွေ ထဲက တချို့ အချက်တွေကို သဘောမတူ၊ သဘောမကျ သော်လဲ တွေးစရာ၊ ဆင်ခြင် စဉ်းစားစရာ တွေ ပေးနိုင်လို့ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် လို့ညွန်းပါရစေ။

📚📚
http://scapognel.com/uOH




No comments:

Post a Comment