(ချမ်းမြေ့ဝင်း) ရထားပေါ်ကမိန်းကလေး
ဖတ်ညွှန်း#
ရထားပေါ်ကမိန်းကလေး
================
Paula Hawkins: The Girl on the Train
ရေချယ်ဆိုတဲ့ မိန်းကလေးဟာ နေ့တိုင်း..
မြို့ထဲကို ရထားစီးပြီး သွားတယ်၊ ပြန်တယ်။
သွားတိုင်း၊ ပြန်တိုင်းမှာ ရထားလမ်းဘေးက
ပုံစံအမျိုးမျိုးသော အိမ်တွေကို ငေးကြည့်ဖြစ်တယ်။
အဲဒီအိမ်တွေထဲက မိသားစုတွေလှမ်းငေးရင်း
သူ့မှာ အခုမရှိတော့တဲ့ အရာတွေကို တမ်းတတယ်။
တစ်ရက်မှာ ရထားပေါ်ကနေ ထုံးစံအတိုင်း
လှမ်းငေးနေရင်း .. ထင်မထားတဲ့အဖြစ်အပျက်တစ်ခုကို
ရေချယ် လှမ်းမြင်လိုက်တယ်။ ခဏလေးပဲမြင်လိုက်တာ၊
စက္ကန့်ပိုင်းလေးပဲ တွေ့လိုက်တာ။
ဖျတ်ခနဲတွေ့ လိုက်ရတဲ့အဖြစ်အပျက်တစ်ခုကြောင့်
အခု ရေချယ့်ဘဝ ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပြီ။
သူမြင်လိုက်ရတဲ့အရာကို ဘယ်သူ့ကိုပြောပြရမလဲ။
ကျိုးကြေနေတဲ့၊ ကယောင်ကတမ်းတွေဖြစ်နေတဲ့၊
အရက်စွဲနေတဲ့ ရေချယ့်ကို ဘယ်သူကယုံမလဲ..
-------------
အင်္ဂလိပ်စာရေးဆရာမ ပေါ်လာဟော့ကင်းရဲ့ နာမည်အကြီးဆုံး
၀တ္ထုစာအုပ်ဖြစ်တဲ့ The Girl on the Train ကို ချမ်းမြေ့ဝင်းမှ
ဘာသာပြန်ဆိုထားပါတယ်။ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေကို
သဘောကျတဲ့သူတွေအတွက် ရင်တလှပ်လှပ်နဲ့ဖတ်ရမယ့်
၀တ္ထုကောင်းတစ်အုပ်ပါ။
အင်္ဂလိပ် စာရေးဆရာမ ပေါ်လာဟော့ကင်းရဲ့ ပထမဆုံးဝတ္ထုစာအုပ် ဖြစ်တဲ့ ရထားပေါ်ကမိန်းကလေး စာအုပ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေ ၁၅ သန်းကျော် ရောင်းချထားတဲ့ စာအုပ်တစ်အုပ်ပါ။ မိန်းကလေးတွေရဲ့ ခွန်အား၊ခံယူချက်၊သိက္ခာ၊ အချစ် နဲ့ အစွဲအလမ်းတွေကို မညှာမတာ အပွင့်လင်းဆုံးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်…။
လျှို့ဝှက်သည်းဖိုဇာတ်လမ်း ဇာတ်ကွက်တွေကို ဖတ်ရှုလိုတဲ့ စာဖတ်သူအတွက် လက်ကမချတမ်း စွဲတသသဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်။
No comments:
Post a Comment