"မျှော်လင့်ခြင်းဖတ်စာ"
ခေါင်းစဉ်ကသာ "မျှော်လင့်ခြင်း" ပါနေပေမယ့် စာရေးဆရာက ဘာကိုမှ မမျှော်လင့်ခိုင်းတာ။ ဖြစ်နေပြီးသား အရာတွေပေါ်မှာပဲ မျှော်လင့်ချက်ထားခိုင်းတာ။ ယခုဖြစ်ပျက်နေတာတွေကို လက်ခံနှစ်သက်ဖို့ ကြိုးစားခိုင်းတာ။ လူတွေ မျှော်လင့်လွန်းအားကြီးတာကြောင့် ဘဝရဲ့စိတ်အဆင်းရဲရဆုံး အချိန်တွေဖြစ်လာတာကို ထောက်ပြထားတာ။
အောင်မြင်ဖို့ လမ်းပြပေးမယ့် တက်ကြမ်းလို စာအုပ်လုံးဝမဟုတ်ဘူး။ နာကျင်မှုတွေ၊ ဒုက္ခတွေကို ပွေ့ဖက်ပြေးကြိုပြီး ရင်ဆိုင်ဖြေရှင်းဖို့ ထောက်ပြထားတာ။
လံုံးဝလူတွေ မတွေးထားတဲ့ ရှု့ထောင့်ကနေ ထောက်ပြထားတာ။ လွတ်လပ်ခြင်းနဲ့ တွဲပါလာတဲ့ဒုက္ခ၊ ပျော်ရွှင်ခြင်းနဲ့ ကပ်လိုက်လာတဲ့ နာကျင်မှုတွေ၊ အရံှုးပေးခြင်းကြောင့် ရလာတဲ့အောင်မြင်မှုတွေကို မျှော်လင့်ခိုင်းတာ။
နာကျင်မှုတွေကို လက်ခံခိုင်းတာ၊ နာကျင်မှုတွေကို ကိုယ်တိုင်ရွေးချယ်ပြီး ဘဝထဲဆွဲခေါ်ခိုင်းတာ။ ရည်မှန်းချက်ရှိရှိနဲ့ အနာခံခိုင်းတာ။
နာကျင်မှုအစစ်ကို ရင်မဆိုင်ချင်လို့ ထုံသွားအောင် အာရုံတွေပြောင်းနောင် ပိုပြီးနာကျင်မယ်ဆိုတဲ့အကြောင်း သတိပေးထားတာ။
ကျွန်တော်တို့ လိုအပ်တာတွေကို မပေးဘဲ လိုချင်တာတွေပဲ အမြဲပေးနေနဲ့ အင်တာနက်၊ လိုအပ်တာတွေ မဟုတ်ဘဲ လိုချင်တာတွေပဲ ရလာတဲ့အခါ ဘယ်လောက်အန္တာရယ်များကြောင်း ရှင်းပြထားတာ။
ကိုယ်စွန့်လွတ်ရဲတဲ့ အရာတွေကသာ တကယ့်လွတ်လပ်ခြင်းကို ယူလာပေးတဲ့အကြောင်း တကယ့်လွတ်လပ်မှု အစစ်အမှန်က ပိုင်ဆိုင်မှု အများကြီး မရှိဘဲ ကျေနပ်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းတာ။
ကျွန်တော့်ဉာဏ်မမှီလို့ပဲလား၊ noteတွေထုတ်နေတာနဲ့ ကြာနေတာကြောင့်လားမသိဘူး ဒီစာအုပ်ပြီးဖို့ ၂ပတ်လောက်ကြာတယ်။ "ဂရုမစိုက်ခြင်းအနုပညာ" နဲ့ သုခမြေပုံ ဖတ်ပြီးတဲ့သူတွေဆိုရင်တော့ ဒီစာအုပ်တန်းဖတ်လိုက်ရင် စာအုပ်ကပေးချင်တာကို နားလည်လွယ်သလို ဆက်စပ်မှုလည်းရှိမယ်။
No comments:
Post a Comment