Friday, June 12, 2020

စာအုပ် သုခမြေပုံ
ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတဲ့စာအုပ်လေး
မူရင်းစာရေးသူက Eric Weiner's
ဒီစာအုပ်လေးက ကိုယ်အရမ်းကြိုက်ရတဲ့စာအုပ်လေး ခရီးသွားရတာ ဝါသနာပါတဲ့ကိုယ့်အတွက်တော့ အမှာစာနဲ့မာတိကာဖတ်ယုံနဲ့တင် တော်တော်ကိုစိတ်ဝင်စားစရာပဲ
#နယ်သာလန်နိုင်ငံက လွတ်လပ်တဲ့
နိုင်ငံတစ်ခုဆိုတာသိလိုက်ရတယ် မူးယစ်ဆေးလို အရာမျိုးတောင် လွတ်လပ်စွာသုံးလို့ရတဲ့နိုင်ငံ
ဆန့်ကျင်ဘက်ယဥ်ကျေးမှုတွေပေါင်းစည်းနေလို့ရတဲ့နိုင်ငံ
    *ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေဟာ ပျော်ရွှင်မှုမြင့်မားသလို
      ကိုယ့်ကိုယ်ကို သတ်သေနှုန်းလည်းမြင့်ကြတယ်
    *ဘာသာရေးကိုင်းရှိုင်းသူတွေဟာ ပိုပျော်တာတော့မှန်တယ်
      ဒါပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံတွေဟာ
       ဘာသာရေးကိုင်းရှိုင်းတဲ့ နိုင်ငံတွေ မဟုတ်ပြန်ဘူး
     *ကမ္ဘာ့အင်အားအကြီးဆုံး အချမ်းသာဆုံး အမေရိကန်
       နိုင်ငံဟာ ပျော်ရွှင်မှု နယ်ပယ်မှာတော့ အင်အား မရှိဘူး
အဲ့အရာတွေသိလိုက်ရတယ်။။
#ဆွစ်ဇာလန်ခရီးစဥ် မှာအ့ဲနိုင်ငံရဲ့ စည်းကမ်းရှိမှု တိကျပျတ်သားတာတွေသန့်ရှင်းသပ်ရပ်တာတွေကြွားဝါခြင်းမရှိတာတေွ အတုယူသင့်တဲ့ အချက်တွေကို သဘောကျမိတယ် ဒါပေမယ့် အရမ်းတိတ်စိတ် လွန်းလားတော့မသိဘူး 😊သူတို့ကတော့ကျေနပ်နေတာပဲ
#ဘူတန်ခရီးစဥ်ကတော့ သူလေယဥ်ပေါ်ကမြင်တွေ့ခဲ့တဲ့ဟိမဝန္တာတောင်မြင်ကွင်းကိုစိတ်ကူးမိတာနဲ့တင် အပြင်မှာမြင်ချင်မိတယ် သူအဲ့ ခရီးစဥ်မှာသိခဲ့တာက
တစ်ချို့အရာတွေက မမြင်မတွေ့ရပေမယ့် ရှိနေတယ်ဆိုတာကို လက်ခံရတာမျိုး ရောင့်ရဲတင်းတိန်နိုင်တာက ကိုယ့်ကို ပေျာ်ရွှင်စေနိုင်တယ်ဆိုတာသိစေတယ်။။
*မေျှာ်လင့်ချက် များတ့ဲသူက ပေျာ်ရွှင်ဖို့နည်းတယ်ဆိုတာကိုသိလိုက်ရတယ်*
#ကာတာနိုင်ငံ ငွေကိုရေလိုသုံးနိုင်တဲ့နိုင်ငံ လိုချင်တာမှန်သမျှ တလိုက်ရုံနဲ့ရတ့ဲနိုင်ငံ နိုင်ငံသားတေွက အခွန်ဆောင်စရာမလိုတ့ဲအပြင် အစိုးရစီက ပြန်ရတာမျိုး
ရှေးဟောင်းအမွေနှစ် ရယ်လို့ သူတို့မှာ ပြစရာ များများမရှိပေမယ့်  လက်ရှိ အချိန်နဲ့ အနာဂတ်မှာပါလင်းလတ်တောက်ပနေတဲ့ သဲကန္တာရ နိုင်ငံ
နိုင်ငံခြားကိုပညာသင်သွားစရာ မလိုပဲ နိုင်ငံခြားက အဆင့်မြင့်ကျောင်းတွေက်ို သူတို့နိုင်ငံ ယူလာနိုငိတာမျိုး
လိုချင်တာမှန်သမျှရနေတ့ဲအတွက်သူတို့ပေျာ်နေကျတယ်။
ကိုယ်စိတ်ထဲမှာတော့ ကာတာနိုင်ငံသားတွေက လောကရဲ့ စည်းစိမ်အပြည့်ခံစားနေရတာကို အားကျမိတယ်။။
#အိုင်စလန်နိုင်ငံ
ကမ္ဘာ့မြေပုံရဲ့အစွန်အဖျားက ပြုတ်ကျတော့မလို ဖြစ်နေတ့ဲ နိုင်ငံလေး နေရောင်ခြည်မြင်ရဖို့ ခဲယဥ်းတ့ဲနိုင်ငံ နှင်းတွေ အမြဲဖုံးလွှမ်းနေတ့ဲနိုင်ငံ အရမ်းအေးလွန်းလို့ အရင်ကဆို အစားသောက်တွေ ရှားတဲ့ နိုင်ငံ ဒါပေမယ့် သူတို့ ပျော်နေကျတယ် နိုင်ငံဆိုတာ မိသားစုကြီးတစ်ခုဆိုတာ အိုင်စလန်နိုင်ငံကိုပြောတာ သူတို့ လူမျိုးတွေကအနုပညာကိုအပြည့်အဝခံစားတ့ဲသူတေွ
ဘာသာစကားကို နိုင်ငံထပ် ချစ်မြတ်နိုးတ့ဲသူတွေ
ကျရှံုးမှူကိုကျေနပ်စွာ လက်ခံတ့ဲသူတွေပျော်စရာကောင်းတဲ့နိုင်ငံငယ်လေးလို့ခံစားမိတယ်။။
#မော်လ်ဒိုဗာနိုင်ငံ
စိတ်ညစ်စရာတေွစုထားတ့ဲနိုင်ငံ ဆင်းရဲတဲ့ နိုင်ငံခြင်းတူရင်တောင် သူတို့က ပိုပြီးဆင်းရဲဒုက္ခရောက်နေတယ်လို့ထင်နေတ့ဲ နိုင်ငံသားတေွ
မျှော်လင့်ချက်တွေ ပျောက်က်ဆုံးနေတ့ဲနိုင်ငံ ကာတာနဲ့တော့  ဆန့်ကျင်ဖက်ပဲ ဒါပေမယ့် သူတို့စီက အသီးနှံတွေကိုတော့ သဘောကျမိတယ် အရမ်းလတ်ဆတ်လို့ သူတို့မြေကြီးက မြေဆီမြေသား အရမ်းကောင်းတယ်တ့ဲ ။။
#ထိုင်း
ထိုင်းလူမျိုးတွေက စိတ်ကိုအေးအေးဆေးဆေး ထားနိုင်ကြတယ်
စိတ်ရှုပ်စရာတွေကို အတတ်နိုင်ဆုံးထုပ်ထားကြတယ် အချိန်တိုအတွင်းမှာ အရမ်းတိုးတတ်လာတဲ့နိုင်ငံ ဘန်ကောက်မြို့ကပေျာ်စရာတွေ အများကြီးရှိတဲ့မြို့
ရွာကြီးအများကြီးစုထားသလိုမျိုး လူမျိုးအစုံနဲ့ အရောင်စုံရှိတဲ့မြို့။။
#ဂရိတ်ဗြိတိန်
အင်္ဂလိပ် လူမျိုးတွေရဲ့ အကျင့်စရိုက်တေွကို အတွင်းကျကျ ရေးထားတယ်  အမေရိကန်တွေနဲ့ တူသွားမှာ​စိုးရိမ်စိတ် သူတို့မှာ အမြဲရှိတယ် အမြဲစိတ်ကို ထိန်းချူပ်ထားနိုင်တယ် ပေျာ်ရွှင်မှုဆိုတာ တကူးတက ရှာဖွေရမယ့်အရာမဟုတ်ဘူးလို့ယုံကြည်သူတေွ။။
#အိိန္ဒိယနိုင်ငံ
အသံတေွစုံ ကားတွေ လူတွေ ရှုပ်ပေမယ့် သူတို့ အဆင်ပြေနေကျတယ် ဆူညံတာတွေ ကို သူတို့အသားကျနေပြီ
ကျရှုံးမှုတွေရှိရင်လည်း ကိုယ်အကောင်းဆုံးကြိုးစားခဲ့တာပဲဆိုတဲ့စိတ်နဲ့ လက်ခံနိုင်ကြတယ်။။
#အမရေိကား
၂၁ရာစု အစောပိုင်းကစပြီး အမေရိကန်တေွရဲ့ပေျာ်ရွှင်မှုဟာ ဘုရားသခင်နဲ့ ကံတရားရဲ့ လက်ထဲမှာမရှိတော့ဘူး ကိုယ်တိုင်သိမ်းယူရမယ့် အရာဖြစ်လာတယ် ။ အမေရိကန်တွေဟာ တခြားနိုင်ငံသားတေွထပ် နာရီပေါင်းများစွာ ပိုပြီး အလုပ်လုပ်ကြတယ်။ အမေရိကန်တွေရဲ့ သုံးပုံနှစ်ပုံဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ပေါ်မှာယုံကြည်ကြတယ်။ နောင်တချိန်မှာ ပိုပြီးပေျာ်ရွှင်ကြမယ်လို့ မျှော်လင့်ကြတယ်။။

   ကိုယ်လည်း အဲရစ် နဲ့အတူ နိုင်ငံ ၁၀နိုင်ငံကို သွားခဲ့ရသလို ခံစားမိတယ် သူစိတ်ရှုပ်ရင် ကိုယ်ပါ စိတ်ညစ်ပြီး သူနဲ့အတူ စိတ်လှုပ်ရှားမိတယ် စိတ်ဝင်စားစာ ခရီးစဥ်တွေပါ 🙂

📚📚
http://raboninco.com/xb24




No comments:

Post a Comment