ကာတွန်းမော်ကွန်း - ကြော်ငြာနှင့်အခြားဟာသများ
Tuesday, June 16, 2020
သဟာအောင်ရဲ့ သီချင်းများစုစည်းမှု့..!
Mp3 & Mp4 Download ယူနိုင်ပါသည် ။
Mp3 Link..
http://raboninco.com/10flI
Mp4 Link..!
http://raboninco.com/10flj
Monday, June 15, 2020
ဗိုလ်တာရာ
တောင်တန်းဧကရီ(ပထမပိုင်း)
http://raboninco.com/zgIv
တောင်တန်းဧကရီ(ဒုတိယပိုင်း)
http://raboninco.com/zgM1
တောင်တန်းဧကရီ(တတိယပိုင်း)
http://raboninco.com/zgNc
Friday, June 12, 2020
"မျှော်လင့်ခြင်းဖတ်စာ"
ခေါင်းစဉ်ကသာ "မျှော်လင့်ခြင်း" ပါနေပေမယ့် စာရေးဆရာက ဘာကိုမှ မမျှော်လင့်ခိုင်းတာ။ ဖြစ်နေပြီးသား အရာတွေပေါ်မှာပဲ မျှော်လင့်ချက်ထားခိုင်းတာ။ ယခုဖြစ်ပျက်နေတာတွေကို လက်ခံနှစ်သက်ဖို့ ကြိုးစားခိုင်းတာ။ လူတွေ မျှော်လင့်လွန်းအားကြီးတာကြောင့် ဘဝရဲ့စိတ်အဆင်းရဲရဆုံး အချိန်တွေဖြစ်လာတာကို ထောက်ပြထားတာ။
အောင်မြင်ဖို့ လမ်းပြပေးမယ့် တက်ကြမ်းလို စာအုပ်လုံးဝမဟုတ်ဘူး။ နာကျင်မှုတွေ၊ ဒုက္ခတွေကို ပွေ့ဖက်ပြေးကြိုပြီး ရင်ဆိုင်ဖြေရှင်းဖို့ ထောက်ပြထားတာ။
လံုံးဝလူတွေ မတွေးထားတဲ့ ရှု့ထောင့်ကနေ ထောက်ပြထားတာ။ လွတ်လပ်ခြင်းနဲ့ တွဲပါလာတဲ့ဒုက္ခ၊ ပျော်ရွှင်ခြင်းနဲ့ ကပ်လိုက်လာတဲ့ နာကျင်မှုတွေ၊ အရံှုးပေးခြင်းကြောင့် ရလာတဲ့အောင်မြင်မှုတွေကို မျှော်လင့်ခိုင်းတာ။
နာကျင်မှုတွေကို လက်ခံခိုင်းတာ၊ နာကျင်မှုတွေကို ကိုယ်တိုင်ရွေးချယ်ပြီး ဘဝထဲဆွဲခေါ်ခိုင်းတာ။ ရည်မှန်းချက်ရှိရှိနဲ့ အနာခံခိုင်းတာ။
နာကျင်မှုအစစ်ကို ရင်မဆိုင်ချင်လို့ ထုံသွားအောင် အာရုံတွေပြောင်းနောင် ပိုပြီးနာကျင်မယ်ဆိုတဲ့အကြောင်း သတိပေးထားတာ။
ကျွန်တော်တို့ လိုအပ်တာတွေကို မပေးဘဲ လိုချင်တာတွေပဲ အမြဲပေးနေနဲ့ အင်တာနက်၊ လိုအပ်တာတွေ မဟုတ်ဘဲ လိုချင်တာတွေပဲ ရလာတဲ့အခါ ဘယ်လောက်အန္တာရယ်များကြောင်း ရှင်းပြထားတာ။
ကိုယ်စွန့်လွတ်ရဲတဲ့ အရာတွေကသာ တကယ့်လွတ်လပ်ခြင်းကို ယူလာပေးတဲ့အကြောင်း တကယ့်လွတ်လပ်မှု အစစ်အမှန်က ပိုင်ဆိုင်မှု အများကြီး မရှိဘဲ ကျေနပ်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းတာ။
ကျွန်တော့်ဉာဏ်မမှီလို့ပဲလား၊ noteတွေထုတ်နေတာနဲ့ ကြာနေတာကြောင့်လားမသိဘူး ဒီစာအုပ်ပြီးဖို့ ၂ပတ်လောက်ကြာတယ်။ "ဂရုမစိုက်ခြင်းအနုပညာ" နဲ့ သုခမြေပုံ ဖတ်ပြီးတဲ့သူတွေဆိုရင်တော့ ဒီစာအုပ်တန်းဖတ်လိုက်ရင် စာအုပ်ကပေးချင်တာကို နားလည်လွယ်သလို ဆက်စပ်မှုလည်းရှိမယ်။
#ဂရုမစိုက်ခြင်းအနုပညာ (ချမ်းမြေ့ဝင်း ဘာသာပြန်သည်)
......................
ဒီစာအုပ်လေးဟာ အောင်မြင်ရေးစာအုပ်မဟုတ်သလို သူဌေးဖြစ်နည်း စာအုပ်လည်းမဟုတ်ဘူး။ အမြန်ဆုံး စိတ်ချမ်းသာနည်းတွေ စုထားတဲ့ ဆုံးမစကားပေါင်းချုပ်လဲ မဟုတ်ပါဘူး။ တက်ကျမ်းလဲမဟုတ်ဘူး။
လူ့ဘဝရဲ့ ရှောင်မရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်နိုင်ဖို့၊ ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်ကို နည်းနည်းလေး ပိုရှင်းသွားအောင် မြင်တတ်ဖို့ အရာရာတိုင်းကို ဂရုစိုက်နေရတဲ့ ဒီနေ့လူသားတွေအတွက်_ဂရုမစိုက်ခြင်း အနုပညာကို ရိုးရိုးလေးပဲပြောပြတဲ့ စာအုပ်ပါပဲ။
ကိုယ့်ကိုကိုယ် တာဝန်ယူတတ်ဖို့
( ပျော်ရွှင်ခြင်း စိတ်ဆင်းရဲခြင်း စိတ်ညစ်ခြင်း ဒေါသ ဖြစ်ခြင်း အားလုံးကို တခြားသူကို အပြစ်မတင်ပဲ တာဝန်ယူနိုင်ဖို့)........
တခြားသူကို အပြစ်မတင်ဖို့ (ကိုယ့်ကိုကိုယ်လဲ အပြစ်မတင်ဖို့).........
အကောင်းမြင်လွန်းခြင်းတွေ ရှောင်ဖို့.......
ကိုယ့်ကိုကိုယ် မလိမ်ဖို့..........
ကိုယ့်ကိုကိုယ်တိုင်းတဲ့ ပေတံတွေ တန်ဖိုးတွေကို ကိုယ်နဲ့ မကိုက်ရင်ပြောင်းလဲဖို့.........
ဘဝဟာ ထင်ထားသလို မဖြစ်လာရင် ခံနိုင်ရည်ရှိဖို့
ခံစားချက်တွေကို လျစ်လျူရှုဖို့..........
စတဲ့ အရာတွေကို ဘက်ပေါင်းစုံကနေ ရှင်းထုတ်ပေးထားတဲ့ စာအုပ်လေးပါ
အကြောင်းအရာနဲ့ ဥပမာပြ ဇာတ်လမ်းတွေလဲ စုံလင်ပါတယ်။
တချို့လူတွေက ကြောင်တောင်တောင်နိုင်တယ်လို့ခံစားရနိုင်တယ်ဆိုပေမယ်လို့ စိတ်ဒဏ်ရာရှိတဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် အရမ်းတဖက်စွန်း ရောက်နေတဲ့ သူတွေအတွက် စိတ်ကို လက်တွေ့ကျကျ ပြန်ထိန်းကြောင်းပေးနိုင်တဲ့ စာအုပ်လဲ ဖြစ်ပါတယ်။
လက်ရှိခေတ်စနစ် နဲ့လဲ သိပ်ကို သင့်လျော်ပါတယ်
အပေါ်ယံ ပျော်ရွှင်မှုတွေ အားကျနေရမှုတွေ အကောင်းမြင်မှုတွေ နဲ့ ဖုံးကွယ်နေရတဲ့ ခေတ်ကြီးမှာ တချို့အရာတွေ ဂရုမစိုက်ဖို့ ပြောထားပါတယ်။
📚📚
စာအုပ် သုခမြေပုံ
ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတဲ့စာအုပ်လေး
မူရင်းစာရေးသူက Eric Weiner's
ဒီစာအုပ်လေးက ကိုယ်အရမ်းကြိုက်ရတဲ့စာအုပ်လေး ခရီးသွားရတာ ဝါသနာပါတဲ့ကိုယ့်အတွက်တော့ အမှာစာနဲ့မာတိကာဖတ်ယုံနဲ့တင် တော်တော်ကိုစိတ်ဝင်စားစရာပဲ
#နယ်သာလန်နိုင်ငံက လွတ်လပ်တဲ့
နိုင်ငံတစ်ခုဆိုတာသိလိုက်ရတယ် မူးယစ်ဆေးလို အရာမျိုးတောင် လွတ်လပ်စွာသုံးလို့ရတဲ့နိုင်ငံ
ဆန့်ကျင်ဘက်ယဥ်ကျေးမှုတွေပေါင်းစည်းနေလို့ရတဲ့နိုင်ငံ
*ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေဟာ ပျော်ရွှင်မှုမြင့်မားသလို
ကိုယ့်ကိုယ်ကို သတ်သေနှုန်းလည်းမြင့်ကြတယ်
*ဘာသာရေးကိုင်းရှိုင်းသူတွေဟာ ပိုပျော်တာတော့မှန်တယ်
ဒါပေမယ့် အပျော်ရွှင်ဆုံးနိုင်ငံတွေဟာ
ဘာသာရေးကိုင်းရှိုင်းတဲ့ နိုင်ငံတွေ မဟုတ်ပြန်ဘူး
*ကမ္ဘာ့အင်အားအကြီးဆုံး အချမ်းသာဆုံး အမေရိကန်
နိုင်ငံဟာ ပျော်ရွှင်မှု နယ်ပယ်မှာတော့ အင်အား မရှိဘူး
အဲ့အရာတွေသိလိုက်ရတယ်။။
#ဆွစ်ဇာလန်ခရီးစဥ် မှာအ့ဲနိုင်ငံရဲ့ စည်းကမ်းရှိမှု တိကျပျတ်သားတာတွေသန့်ရှင်းသပ်ရပ်တာတွေကြွားဝါခြင်းမရှိတာတေွ အတုယူသင့်တဲ့ အချက်တွေကို သဘောကျမိတယ် ဒါပေမယ့် အရမ်းတိတ်စိတ် လွန်းလားတော့မသိဘူး 😊သူတို့ကတော့ကျေနပ်နေတာပဲ
#ဘူတန်ခရီးစဥ်ကတော့ သူလေယဥ်ပေါ်ကမြင်တွေ့ခဲ့တဲ့ဟိမဝန္တာတောင်မြင်ကွင်းကိုစိတ်ကူးမိတာနဲ့တင် အပြင်မှာမြင်ချင်မိတယ် သူအဲ့ ခရီးစဥ်မှာသိခဲ့တာက
တစ်ချို့အရာတွေက မမြင်မတွေ့ရပေမယ့် ရှိနေတယ်ဆိုတာကို လက်ခံရတာမျိုး ရောင့်ရဲတင်းတိန်နိုင်တာက ကိုယ့်ကို ပေျာ်ရွှင်စေနိုင်တယ်ဆိုတာသိစေတယ်။။
*မေျှာ်လင့်ချက် များတ့ဲသူက ပေျာ်ရွှင်ဖို့နည်းတယ်ဆိုတာကိုသိလိုက်ရတယ်*
#ကာတာနိုင်ငံ ငွေကိုရေလိုသုံးနိုင်တဲ့နိုင်ငံ လိုချင်တာမှန်သမျှ တလိုက်ရုံနဲ့ရတ့ဲနိုင်ငံ နိုင်ငံသားတေွက အခွန်ဆောင်စရာမလိုတ့ဲအပြင် အစိုးရစီက ပြန်ရတာမျိုး
ရှေးဟောင်းအမွေနှစ် ရယ်လို့ သူတို့မှာ ပြစရာ များများမရှိပေမယ့် လက်ရှိ အချိန်နဲ့ အနာဂတ်မှာပါလင်းလတ်တောက်ပနေတဲ့ သဲကန္တာရ နိုင်ငံ
နိုင်ငံခြားကိုပညာသင်သွားစရာ မလိုပဲ နိုင်ငံခြားက အဆင့်မြင့်ကျောင်းတွေက်ို သူတို့နိုင်ငံ ယူလာနိုငိတာမျိုး
လိုချင်တာမှန်သမျှရနေတ့ဲအတွက်သူတို့ပေျာ်နေကျတယ်။
ကိုယ်စိတ်ထဲမှာတော့ ကာတာနိုင်ငံသားတွေက လောကရဲ့ စည်းစိမ်အပြည့်ခံစားနေရတာကို အားကျမိတယ်။။
#အိုင်စလန်နိုင်ငံ
ကမ္ဘာ့မြေပုံရဲ့အစွန်အဖျားက ပြုတ်ကျတော့မလို ဖြစ်နေတ့ဲ နိုင်ငံလေး နေရောင်ခြည်မြင်ရဖို့ ခဲယဥ်းတ့ဲနိုင်ငံ နှင်းတွေ အမြဲဖုံးလွှမ်းနေတ့ဲနိုင်ငံ အရမ်းအေးလွန်းလို့ အရင်ကဆို အစားသောက်တွေ ရှားတဲ့ နိုင်ငံ ဒါပေမယ့် သူတို့ ပျော်နေကျတယ် နိုင်ငံဆိုတာ မိသားစုကြီးတစ်ခုဆိုတာ အိုင်စလန်နိုင်ငံကိုပြောတာ သူတို့ လူမျိုးတွေကအနုပညာကိုအပြည့်အဝခံစားတ့ဲသူတေွ
ဘာသာစကားကို နိုင်ငံထပ် ချစ်မြတ်နိုးတ့ဲသူတွေ
ကျရှံုးမှူကိုကျေနပ်စွာ လက်ခံတ့ဲသူတွေပျော်စရာကောင်းတဲ့နိုင်ငံငယ်လေးလို့ခံစားမိတယ်။။
#မော်လ်ဒိုဗာနိုင်ငံ
စိတ်ညစ်စရာတေွစုထားတ့ဲနိုင်ငံ ဆင်းရဲတဲ့ နိုင်ငံခြင်းတူရင်တောင် သူတို့က ပိုပြီးဆင်းရဲဒုက္ခရောက်နေတယ်လို့ထင်နေတ့ဲ နိုင်ငံသားတေွ
မျှော်လင့်ချက်တွေ ပျောက်က်ဆုံးနေတ့ဲနိုင်ငံ ကာတာနဲ့တော့ ဆန့်ကျင်ဖက်ပဲ ဒါပေမယ့် သူတို့စီက အသီးနှံတွေကိုတော့ သဘောကျမိတယ် အရမ်းလတ်ဆတ်လို့ သူတို့မြေကြီးက မြေဆီမြေသား အရမ်းကောင်းတယ်တ့ဲ ။။
#ထိုင်း
ထိုင်းလူမျိုးတွေက စိတ်ကိုအေးအေးဆေးဆေး ထားနိုင်ကြတယ်
စိတ်ရှုပ်စရာတွေကို အတတ်နိုင်ဆုံးထုပ်ထားကြတယ် အချိန်တိုအတွင်းမှာ အရမ်းတိုးတတ်လာတဲ့နိုင်ငံ ဘန်ကောက်မြို့ကပေျာ်စရာတွေ အများကြီးရှိတဲ့မြို့
ရွာကြီးအများကြီးစုထားသလိုမျိုး လူမျိုးအစုံနဲ့ အရောင်စုံရှိတဲ့မြို့။။
#ဂရိတ်ဗြိတိန်
အင်္ဂလိပ် လူမျိုးတွေရဲ့ အကျင့်စရိုက်တေွကို အတွင်းကျကျ ရေးထားတယ် အမေရိကန်တွေနဲ့ တူသွားမှာစိုးရိမ်စိတ် သူတို့မှာ အမြဲရှိတယ် အမြဲစိတ်ကို ထိန်းချူပ်ထားနိုင်တယ် ပေျာ်ရွှင်မှုဆိုတာ တကူးတက ရှာဖွေရမယ့်အရာမဟုတ်ဘူးလို့ယုံကြည်သူတေွ။။
#အိိန္ဒိယနိုင်ငံ
အသံတေွစုံ ကားတွေ လူတွေ ရှုပ်ပေမယ့် သူတို့ အဆင်ပြေနေကျတယ် ဆူညံတာတွေ ကို သူတို့အသားကျနေပြီ
ကျရှုံးမှုတွေရှိရင်လည်း ကိုယ်အကောင်းဆုံးကြိုးစားခဲ့တာပဲဆိုတဲ့စိတ်နဲ့ လက်ခံနိုင်ကြတယ်။။
#အမရေိကား
၂၁ရာစု အစောပိုင်းကစပြီး အမေရိကန်တေွရဲ့ပေျာ်ရွှင်မှုဟာ ဘုရားသခင်နဲ့ ကံတရားရဲ့ လက်ထဲမှာမရှိတော့ဘူး ကိုယ်တိုင်သိမ်းယူရမယ့် အရာဖြစ်လာတယ် ။ အမေရိကန်တွေဟာ တခြားနိုင်ငံသားတေွထပ် နာရီပေါင်းများစွာ ပိုပြီး အလုပ်လုပ်ကြတယ်။ အမေရိကန်တွေရဲ့ သုံးပုံနှစ်ပုံဟာ ပိုမိုကောင်းမွန်တဲ့အနာဂတ်ပေါ်မှာယုံကြည်ကြတယ်။ နောင်တချိန်မှာ ပိုပြီးပေျာ်ရွှင်ကြမယ်လို့ မျှော်လင့်ကြတယ်။။
ကိုယ်လည်း အဲရစ် နဲ့အတူ နိုင်ငံ ၁၀နိုင်ငံကို သွားခဲ့ရသလို ခံစားမိတယ် သူစိတ်ရှုပ်ရင် ကိုယ်ပါ စိတ်ညစ်ပြီး သူနဲ့အတူ စိတ်လှုပ်ရှားမိတယ် စိတ်ဝင်စားစာ ခရီးစဥ်တွေပါ 🙂
ချမ်းမြေ့ဝင်း- ရထားပေါ်က မိန်းကလေး
💛
အင်္ဂလိပ် စာရေးဆရာမ ပေါ်လာဟော့ကင်းရဲ့ ပထမဆုံးဝတ္ထုစာအုပ် ဖြစ်တဲ့ ရထားပေါ်ကမိန်းကလေး စာအုပ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေ 15သန်းကျော် ရောင်းချထားတဲ့ စာအုပ်တစ်အုပ်ပါ။ မိန်းကလေးတွေရဲ့ ခွန်အား၊ခံယူချက်၊သိက္ခာ၊ အချစ် နဲ့ အစွဲအလမ်းတွေကို မညှာမတာ အပွင့်လင်းဆုံးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်…။
လျို့ဝှက်သည်းဖိုဇာတ်လမ်း ဇာတ်ကွက်တွေကို ဖတ်ရှုလိုတဲ့ စာဖတ်သူအတွက် လက်ကမချတမ်း စွဲတသသဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်။