Monday, March 16, 2020

{ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ ဘဝခရီးနှင့်ဓမ္မဆီမီး }

ရေးသားပူဇော်သူ - မြသန်းစံ @ အရှင်ပညာနန္ဒာ

ဖတ်ညွှန်း #

ဆရာမြသန်းစံ@အရှင်ပညာနန္ဒာ၏ ဝီရိယဇောအာရုံစူးစိုက်မှုများစွာဖြင့်ပြုစုရေးသားပူဇော်သော ပါမောက္ခချုပ်ဆရာတော်ကြီး၏ အထ္ထုပတ္တိ "ဘဝခရီးနှင့် ဓမ္မဆီမီး" စာအုပ်တွင်အခန်း(၂၃)ခန်း၊စာမျက်နှာ(၇၀၀)ကျော်ခန့်ဖြင့်ပါဝင်ရေးသားထားရှိသည်။

အဆိုပါစာအုပ်ကို (၉) လကျော်မျှအချိန်ယူရေးသားခဲ့ပြီးဓာတ်ပုံများ မှတ်တမ်းမှတ်ရာများဖြင့်ဝေဝေဆာဆာဖေါ်ပြပါရှိသည်။

ဆရာတော်ဘုရားရေးသားပေးသည့်အမှာစာတွင်လည်း"ဘုန်းကြီးအနေနဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိရေးမယ်စိတ်ကူးရှိပေမယ့်မရေးဖြစ်ပါဘူး"ဟုဆိုကာသဘောတူလိုက်သည်။ဟိုတစ်စဒီတစ်စ ရေးခြစ်ထားသောအထ္ထုပ္ပတ္တိအပိုင်းအစများကိုပေးလိုက်သည်။

"အထ္ထုပ္ပတ္တိတစ်စောင်တစ်ဖွဲ့ဖြစ်အောင် ရေးသားပြုစုရသောအလုပ်သည်လွယ်ကူသောအလုပ်မဟုတ်ပေ။

အထ္ထုပ္ပတ္တိရှင်၏ဘဝအဖြစ်မှန်နှင့်ပီပြင်ထင်ရှားအောင်တင်ပြနိုင်ရ၏၊ဇာတိဒေသသို့ခရီးထွက်ရ၏၊ငယ်ဘဝအကြောင်းပြောပြနိုင်သူများနှင့်တွေ့ဆုံမေးမြန်းပြီးမှမှတ်တမ်းတင်ရ၏။ပစ္စုပ္ပန်အနေအထားကိုကြည့်၍ အတိတ်ကာလဖြစ်နိုင်ခြေတို့ကိုသမိုင်းအမြင်ဖြင့်ရှာဖွေရ၏" ဟု အမှာစကားရေးသားထားရှိသည်။

📚📚
http://maetrimal.com/mKy




No comments:

Post a Comment