Monday, March 2, 2020

နှောင်းတမြေ့မြေ့

အခုလိုရာသီဥတုနဲ့ ဆွေးလို့ကောင်း
လွမ်းလို့ကောင်းတဲ့
စာအုပ်တစ်အုပ်ကြောင်း ပြောပြမယ်။
စာပေဗိမာန်စာမူ ဝတ္ထုရှည် ပထဆုရတဲ့
ဆရာမြတ်ထန်ရဲ့ နှောင်းတမြေ့မြေ့ ဆိုတဲ့ ဝတ္ထုပါ။
နှစ်ဆယ်ရာစု အထူးခြားဆုံး မြန်မာ့ဝတ္ထု
၁၀၀ထဲမှာလည်းပါ ပါတယ်။
အဲဒီတော့ အရမ်းကောင်းနေပြီဆိုတာ သိရောပေါ့။
နှောင်းတမြေ့မြေ့ ဆိုတဲ့ ခေါင်းစဉ်အတိုင်း
စာဖတ်သူရဲ့ နှလုံးသားကို  တမြေ့မြေ့ခြင်း
ခံစားစေရအောင် ရေးဖွဲ့ထားတာပါ။

အချစ်ရေးနှင့်စစ်ရေးတို့တွင် သတ္တိရှိရမည် ၊
လူသတ်ရဲတိုင်း၊အသေခံရဲတိုင်း သတ္တိဟုမခေါ်နိုင်သကဲသို့ မိမိ စွဲလမ်းတပ်မက်သောသူတစ်ဦး၏ အချစ်ကို
အနိုင့်အထက် လုယက်တိုက်ခိုက် ရယူခြင်းကိုလည်း
သတ္တိဟု မခေါ်ထိုက်ကြောင်း၊ သတ္တိဟူသည်မှာ
မွန်မြတ်သော၊ ကိုယ်ကျိုးမငဲ့သော၊စစ်မှန်သော၊
သန့်ရှင်းသော အကျင့်အကြံသာလျှင် ဖြစ်ထိုက်ကြောင်း
သင်ခန်းစာပြ ဝတ္ထုဖြစ်သည်။
(ဒဂုန်ရွှေမျှား ရဲ့ မြန်မာနိုင်ငံ စာပေဆုရများမှ)

မြန်မာ့ဆေးတပ်မှ ဗိုလ်ကြီးသက်မွန်၊ခင်ခင်လေး ၊
စစ်ဗိုလ်လေးစိုးမောင်တို့ရဲ့
တတိဂံအချစ်ဇာတ်လမ်း အကြောင်းလေးပါ။
ဗိုလ်ကြီး သက်မွန်နဲ့ခင်ခင်လေးကို မိဘက သဘောတူ
ပေးစားလို့ ယူခဲ့ရပေမယ့် ခင်ခင်လေးပြန်မချစ်မခြင်း
ကိုယ့်ဘက် မပါမခြင်း နှမလေးလိုသဘောထားပြီး
လက်ဖျားနဲ့တောင်မထိပဲ အကျင့်သိက္ခာရှိခဲ့
ဗိုလ်ကြီး သက်မွန်။ ခင်ခင်လေးမှာလည်း
မိဘကပေးစားလို့ ယူရပေမယ့် သုံနှစ်ကျော်
လက်တွဲခဲ့တဲ့ ချစ်သူ စိုးမောင်အပေါ် သံယောဇဉ်
ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ် ။ ဗိုလ်ကြီးသက်မွန်နဲ့ခင်ခင်လေးတို့ရဲ့ ဆက်ဆံရေးကို သိပြီး ဗိုလ်စိုးမောင်
တစ်ယောက် ခင်ခင်လေး ပြန်ရဖို့ ကြိုးစားလာပါတော့တယ်။ အချစ်နဲ့ကိုယ်ကျင့်တရားကြားက
ဗိုလ်ကြီး သက်မွန်၊
သားသမီးကောင်းပီသသော ၊ဇနီးကောင်းပီသသော
ခင်ခင်လေးတို့ နှစ်ဦးကြား ဘယ်လိုဆက်ဖြစ်လာမလဲ
ဆိုတာ ဝတ္ထုမှာ ဆက်လက်ဖတ်ရှု့ပါ။

ကျွန်တော်ဖတ်ပြီး ရင်ထဲ နက်နက်ရှိုင်းရှိုင်းထိ
ခံစားရတဲ့ စာအုပ်တစ်အုပ်ပါ။
ယောက်ျားကောင်းတစ်ယောက်ဆိုတာ
ဘယ်လိုမျိုးလဲဆိုတာ မသိမသာလေး
အသိပေးသွားတဲ့ ရသစာအုပ်ပါပဲ။

နှောင်းတမြေ့မြေ့ကို ရုပ်ရှင်အဖြစ်လဲ
ပြန်ရိုက်ထားတယ်ဆိုတာ သိရပါတယ်။

မြတ်ထန် - နှောင်းတမြေ့မြေ့

📚📚
http://crefranek.com/pEQ




No comments:

Post a Comment