Thursday, December 29, 2022

ဒေသ တခုနဲ့ တခု၊ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ ယဥ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ လိုက်နာကျင့်သုံးကြတဲ့ ကျင့်ဝတ်တွေဟာ မတူကွဲပြားစွာ ရှိနေကြပါတယ်။

ဒီလို မတူကွဲပြားစွာ ရှိနေကြတဲ့ အကြောင်းအရာတွေ များစွာထဲကမှ စာရေးဆရာ လူခါးက မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ မတူကွဲပြားမှုများ အကြောင်းကို “မာရီယာ ဆိုတဲ့ ဝတ္ထုရှည်တပုဒ် ဖန်တီးပြီး မြန်မာစာဖတ်ပရိသတ်အတွက် တင်ဆက်လာပါတယ်။

” မာရီယာ ဝတ္ထုရှည်ကို ရေးသားဖန်တီးဖြစ်ခြင်းနဲ့ ပတ်သက်လို့ ဆရာလူခါးက ဆရာနဲ့အတူ လုပ်ငန်းခွင်တခုမှာ အတူလုပ်ကိုင်နေတဲ့ မိတ်ဆွေတယောက်ရဲ့ ” ကျွန်တော်တို့ဆီမှာ သက်ငယ်မုဒိမ်းတွေ၊ အလိုမတူဘဲ လက်ထပ်ပေါင်းသင်းတာတွေ ဘာလို့ ခဏခဏ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းကနေ အစပြုခဲ့တယ်လို့ ဆိုပါတယ်။

ဟုတ်ပါတယ်။ ” မာရီယာ ဝတ္ထုရှည်မှာ ဆရာလူခါးက မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စိတ္တဗေဒကျင့်ဝတ်နဲ့ ပတ်သက်လို့ လက်ခံကျင့်သုံးကြပုံခြင်း မတူကွဲပြားမှုတွေ အကြောင်း ဖန်တီးရေးသားထားပါတယ်။

လူခါး

မာရီယာ




No comments:

Post a Comment