Detective K ဟာဆိုရင်တော့ကိုးရီးယားဟာသအက်ရှင်ကားလေးကိုပြေးမြင်ကြမှာပါ။
ဒီကားလေးကို၂၀၁၁ခုနှစ်မှာထုတ်ဝေခဲ့ပြီးအဲဒီနှစ်ရဲ့ကိုးရီးယားမှာ
စတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။
ဇာတ်အိမ်ကို၁၇၉၃ခုနှစ်ဂျီအိုဂျုန်မင်းနန်းတက်ပြီး၁၇နှစ်အကြာဂျိုစွန်ပြည်ကို
နောက်ခံထားထားပါတယ်။မင်းကြီးဟာနိုင်ငံအတွင်းစီးပွားရေးဆုတ်ယုတ်လာမှုအပေါ်
စုံစမ်းရင်းမင်းမှုထမ်းတွေကြားလာဘ်စားမှုတွေကိုတိုက်ထုတ်ဖို့ကြံရွယ်တာပါ။
လူယုံတွေနည်းပါးနဲ့တဲ့အချိန်မှာပဲသူစိတ်အချရဆုံးဖြစ်တဲ့စုံထောက်ကြီးကေကို
လာဘ်စားမှုတွေလူသတ်မှုတွေကိုစုံစမ်းဖို့အမိန့်တာဝန်ပေးလိုက်ပါတယ်။
စုံထောက်ကေတယောက်ဖမ်းဆီးမိထားတဲ့တပ်မှူးကိုစစ်ဆေးဖို့ထောင်ထဲသွားတဲ့အခါမှာတော့
တပ်မှူးအရာရှိကအသတ်ခံထားနှင့်ရပါပြီ။အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါ
ဦးခေါင်းနောက်မှာအပ်လေးစိုက်ပြီးသတ်ခဲ့တာကိုတွေ့ခဲ့ရတာကစပြီး
အမှုရဲ့သဲလွန်စတွေရခဲ့ပါတယ်။ကံဆိုးချင်တော့တခြားအရာရှိတွေရောက်လာတဲ့အခါအပ်လေးကိုင်ပြီး
အလောင်းဘေးရပ်နေတဲ့စုံထောက်ကြီးကိုအထင်လွဲပြီးအကျဉ်းချလိုက်ပါတော့တယ်။ဒါပေမယ့်
ခွေးချစ်သူဆိုဖီးရဲ့အကူအညီနဲ့ပဲထောင်ကနေဖောက်ပြေးလာပါတယ်။ဒီလိုကိစ္စတွေကြောင့်မင်းကြီးကသူ့ကို
ရာထူးကချပြီးလက်ရှိအမှုကိုလွတ်ကာဂျုတ်စုန်းကအမှုတခုကိုစုံစမ်းခိုင်းလိုက်ပါတယ်။
သာမန်အမှုလို့ထင်ရပေမယ့်ဒီအမှုကနေပဲအားလုံးသောလူသတ်မှုတွေလာဘ်စားမှုနေနဲ့ဆက်နွယ်
နေတာကိုစုံထောက်ကြီးသိလိုက်ရပြီးတဲ့နောက်….
စုံထောက်ကြီးကေတယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့
❤❤
ဒေါင်းရန်
http://fumacrom.com/Xca3
No comments:
Post a Comment