နာနိုကဘာလဲ။
သိထားကြတဲ့အတိုင်း နာနိုက GFNWစီးရီးရဲ့main character ဖြစ်ပြီးတော့ စေတန်ရဲ့သမီးတော်ဖြစ်ပါတယ်။
သူ့ရဲ့အလုပ်တာဝန်က အဖြစ်အပျက်တစ်ခုကိုအစဆွဲထုတ်ပြီးတော့ လူသားတွေရဲ့အမှောင်ဘက်ခြမ်းကိုတစ်ဆုံးအထိမြင်သာလာအောင်လမ်းကြောင်းပေးရတာပဲဖြစ်ပါတယ်။
မျက်စိထဲမြင်အောင်ပြောရရင် နာနိုဟာ ဧဒင်ဥယျာဥ်ထဲက ပန်းသီးစားမလား လို့မေးနေတဲ့မြွေနဲ့တူတူပါပဲ။ ပန်းသီးစားမိတဲ့သူကတော့ အဆိပ်မိပြီးသေတဲ့အထိဖြစ််သွားနိုင်ပါတယ်။
2. နာနိုဟာခံစားချက်မဲ့ပြီးတော့ သေလည်းမသေနိုင်ပါဘူး။
စေတန်ရဲ့သမီးဖြစ်တဲ့နာနိုက ခံစားချက်မဲ့ပြီးတော့ ကာမစပ်ယှက်မှုအပေါ်မှာလည်းခံစားချက်မရှိပါဘူး ။ အဲဒါအပြင်
နာနိုက အမတ(immortal)ဖြစ်တာမို့မသေနိုင်ပါဘူး။ စေနတ်ရဲ့သမီးဆိုမှတော့မသေတာမဆန်းဘူးမို့လား :3
3. နာနိုရဲ့ nicknameကသတ်ပုံမှားပေါင်းထားတာပါ။
နာနိုရဲ့ nickname ဖြစ်တဲ့ ရဲ့
တကယ့်သတ်ပုံအမှန်က ဖြစ်ပါတယ်။ ()ရဲ့အသံထွက်က အောက်အသံဖြစ်တာမို့ အပေါ်က(-)ကို ထည့်ပေါင်းလို့မရပါဘူး။ ဘာလို့ထည့်ပေါင်းရလဲဆိုတဲ့အကြောင်းကိုတော့ "နာ ကပုံမှန်ခေါ်တဲ့နာမည်လိုဖြစ်နေတာမို့ နောက်ကနေ နို ဆိုတာထည့်ပေါင်းပေမယ့် နာမည်မြင်တာနဲ့ စိတ်ထဲကျလိကျလိဖြစ်အောင်လို့ နိုမှာ (-)ကိုတမင်သက်သက်ထပ်ပေါင်းထားတာ" ဆိုပြီးသရုပ်ဆောင်ဖြစ်တဲ့ Kittyကအင်တာဗျူးတစ်ခုမှာဖြေထားပါတယ်။
4. နာနိုရဲ့တကယ့်နာမည်အရင်း
နာနိုရဲ့တကယ့်နာမည်အရင်းက
(မ,မာရာ အမာရသရကွန်)ဖြစ်ပါတယ်။ ထိုင်းမှာနာမည်ရင်းတွေကိုပါဠိလိုပေးလေ့ရှိကြတာမို့ နာနိုနာမည်ရဲ့ အဓိပ်ပါယျက...
ပါဠိ ................ပုံမှန်စကား
(မာရာ) = (မာရ်နတ်)
(အမာရ)=(မသေနိုင်သောသူ)
(သရကွန်)= (မျိုးရိုး)
ဆိုတော့ နာနိုရဲ့နာမည်က
"မသေနိုင်သောမာရ်နတ်မျိုး" လို့အဓိပ်ပါယျရပါတယျ။
5. နာနိုမှာ close friend ရှိပါတယ်။
Season 1အပြီးနောက်ဆုံးအပိုင်းမှာ နာနိုရဲ့ close friend က Kitty ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ Kittyကတော့ ဘယ်သူမှမဟုတ်ပါဘူး။ နာနိုကာရိုက်တာကို သရုပ်ဆောင်တဲ့ သရုပ်ဆောင်မင်းသမီးပါပဲ။
6. နာနိုနဲ့ကစ်တီတို့ရဲ့ နာမည်အရင်း
Nanno = Nara Amaratayakul
Kitty. = ChiCha Amatayakul
နှစ်ယောက်လုံးရဲ့နာမည်ကသတ်ပုံတွေအရမ်းနီးစပ်ပါတယ်။ ဇာတ်လမ်းရဲ့ပထမဆုံး Easter Eggလို့ဆိုရမှာပါ။
7. နာနိုအကြိုက်ဆုံး သင်ရိုးဘာသာ
သူ့အကြိုက်ဆုံးဘာသာက Physics လို့နာနိုပြောဖူးပါတယ်။
နာနိုက Physicsနဲ့ပတ်သက်တဲ့Topicတော်တော်များများကိုဖြေရှင်းနိုင်ပါတယ်။ S1,Ep10 မှာဆိုရင် သူဘယ်လောက် Physics ကျွမ်းလဲဆိုတာကို သေချာရိုက်ပြထားပါသေးတယ်။
8. နာနိုရဲ့ genius ဖြစ်မှု
S1,Ep3 မှာ နာနိုရဲ့ genius ဖြစ်မှုအမှတ်ကို 666ဆိုပြီး သေချာဖော်ပြထားပါတယ်။6ကို တချို့စာတွေမှာနိမိတ်မကောင်းတဲ့ဂဏန်းဆိုပြီးဖော်ပြကြသေးတယ်။ နာနိုဟာ ဗုဒ္ဓဘာသာအယူအဆကို Physics ဘာသာနဲ့ဖော်ပြနိုင်တဲ့အထိကို geniusဖြစ်ပါတယ်။
9. နာနို အမှောင်ဘက်ခြမ်းကို ဆွဲမခေါ်နိုင်ခဲ့တဲ့သူ
S1,Ep8မှာ နာနိုဟာ ပထမဆုံး Mission failed ခဲ့ပါတယ်။
နာနိုဟာ TKကို အမှောင်ဘက်ခြမ်းအထိ ဆွဲမခေါ်နိုင်ခဲ့တဲ့အပြင် နာနိုမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ ခံစားချက်တစ်စုံတစ်ရာကိုပါခံစားသိရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ TKရဲ့ စိတ်ရင်းအပေါ်မှာကျရှုံးသွားခဲ့လို့ပါပဲ။
10. နာနိုက ဘယ်သန်ပါ။
S1,Ep8မှာပဲ နာနိုက TKနဲ့စာရေးပို့တဲ့အခန်းမှာ နာနိုဟာ
ဘယ်လက်နဲ့စာရေးခဲ့တာမို့ နာနိုကဘယ်သန်ပါ။
11. နာနိုက Supernatural ဖြစ်တဲ့အရာတွေကိုလုပ်နိုင်
စေနတ်ရဲ့သမီးဖြစ်တဲ့အလျောက် နာနိုက ကိုယ်ခွဲတာ၊ ပိုက်ဆံအများကြီးရှာနိုင်တာ၊ Systemတွေကိုခလုတ်တစ်ချက်နှိပ်ပြီး hackနိုင်တာ.. စတဲ့ သဘာဝကိုကျော်လွန်တဲ့အရာတော်တော်များများကိုလုပ်နိုင်ပါတယ်။
12. နာနိုကဘယ်သူ့ကိုမှပျက်စီးအောင် မဖျက်စီးခဲ့ပါဘူး
ဟုတ်ပါတယ် ဖတ်တာမမှားပါဘူး .. :3
Season တစ်ခုလုံးကိုကြည့်လိုက်ရင် လူသားတွေကသာ ပျက်စီးရာပျက်စီးကြောင်းကိစ္စတွေကိုလုပ်ခဲ့တာဖြစ်ပြီး
နာနိုက ဘယ်သူ့ကိုမှ ပျက်စီးအောင်မဖျက်ဆီးခဲ့ပါဘူး။
နာနိုက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဧဒင်ဥယျာဥ်ကမြွေဟောက်လို ပန်းသီးစားလို့ရနိုင်တဲ့လမ်းကြောင်းတွေကို အရိပ်အမြွက်ပြ ခေါ်ဆောင်လေ့ရှိတာမို့လို့ သူ့ပယောဂတော့မကင်းဘူးပေါ့။ဒါပေမယ့် စိတ်ဓါတ်အရမ်းပြည့်ဝနေတဲ့လူတွေနဲ့တွေ့ရင်တော့ နာနိုလည်း ဘာမှမတတ်နိုင်ပါဘူး။
13. Seriesရဲ့ Episodes
ဒီစီးရီးကို 13ပိုင်းနဲ့ပြသမယ်လို့ပဲ ရည်ရွယ်ထားတာပါ။
နံပါတ် 13ကလည်း စေတန်ရဲ့နံပါတ်၊ ကံမကောင်းတဲ့နံပါတ်ဆိုပြီး ဘာသာရေးအယူအဆတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီစီးရီးကို 13ပိုင်းနဲ့အဆုံးသတ်ထားလိုက်ကြတာပါ။
Season 2လာနေပြီဆိုတော့ Season 1ကိုလည်းပြန်ကြည့်ဖြစ်ရင်း ရေးချင်လာလို့သက်သက်ရေးတာပါ။ ဖန်သီအိုရီသက်သက်သာ ဖြစ်ပါတယ်။
Season 1
Ep 1
http://fumacrom.com/MZy6
Ep 2
http://fumacrom.com/MZzA
Ep 3
http://fumacrom.com/Ma03
Ep 4
http://fumacrom.com/Ma0t
Ep 5
http://fumacrom.com/Ma1T
Ep 6
http://fumacrom.com/MaPu
Ep 7
http://fumacrom.com/Ma2m
Ep 8
http://fumacrom.com/Ma3i
Ep 9
http://fumacrom.com/Ma63
Ep 10
http://fumacrom.com/Ma6w
Ep 11
http://fumacrom.com/Ma7g
Ep 12
http://fumacrom.com/Ma8L
Ep 13
http://fumacrom.com/Ma8w
Season 2
Ep 1
http://fumacrom.com/Ma9z
Ep 2
http://fumacrom.com/MaAg
Ep 3
http://fumacrom.com/MaBJ
Ep 4
http://fumacrom.com/MaBl
Ep 5
http://fumacrom.com/MaCC
Ep 6
http://fumacrom.com/MaCh
Ep 7
http://fumacrom.com/MaT8
Ep 8
http://fumacrom.com/MakY