Saturday, November 14, 2020

Night of the Undead (2019)

အတော်လေး ခွီရတဲ့ သဘာ၀လွန် ကိုရီးယားဟာသ
ကားလေးပါ အခုချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့

ဇာတ်အိမ်ကောင်းကောင်း ကြည့်ချင်ကြမယ်ဆိုရင်
ဒီကားလေးကို ရွေးချယ်လိုက်ကြပါဗျ။

ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ Sci-fi Thriller အမျိုးအစားကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆိုအီဆိုတဲ့ မိန်းကလေးဟာ မန်းဂီးဆိုတဲ့ လက်ထပ်ပြီးအိမ်ထောင်သည်ဘဝကိုပျော်မွေ့နေသူတစ်ယောက်ပါ ဒါပေမယ့် သူမအမျိုးသားမှာထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ် အမြဲအလုပ်များနေတတ်ပြီး ဘယ်လောက်အလုပ်များများ အနားမယူတတ်တာပါ တစ်ခါတစ်လေ ဒီအပြုအမူတွေကြောင့်ဆိုအီကသူယောကျ်ားကို လူသားတစ်ယောက်လို့ မခံစားမိတော့အောင်ဖြစ်လာပါတယ် ဒါကြောင့်သူမအမျိုးသား
ဘာတွေလုပ်နေတယ်ဆိုတာကို အလွတ်စုံထောက်တစ်ယောက်ကိုငှားပြီး နောက်ယောင်ခံစေခဲ့ပါတယ် အဲ့ဒီအခါမှာ သူမအမျိုးသားဟာ
သူမအရင်ကလက်ထပ်ထားသူတွေ ရှိနေခဲ့ပြီး အဲ့ဒီမိန်းမတွေကလည်း ပုံစံတူသေဆုံးခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် သူမယောက်ျားက ဘယ်လိုလူမျိုးလဲ အစပိုင်းမှာတော့မိန်းမကိုအရမ်းချစ်တတ်ပြီး ကြင်နာတတ်တဲ့ယောက်ျားရဲ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ Sci fi ကားကြိုက်တတ်သူတွေအတွက် ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဆိုလည်းမမှားပါဘူး

ဒေါင်းရန်
http://criarysm.com/3tz8




No comments:

Post a Comment