စံရွှေမြင့် - နော်ကူးမ
Saturday, January 25, 2020
မိုးရှင်း(I.M.T) စာအုပ်များ
1-သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့
http://greponozy.com/46q6
2-လက်ဆောင်
http://greponozy.com/46uW
3-အင်္ဂလိပ်စကားအမြန်ဆုံးပြောတတ်ဖို့
http://greponozy.com/46zM
#crd
မိုးရှင်း(I.M.T) စာအုပ်များ
1-သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့
http://greponozy.com/46q6
2-လက်ဆောင်
http://greponozy.com/46uW
3-အင်္ဂလိပ်စကားအမြန်ဆုံးပြောတတ်ဖို့
http://greponozy.com/46zM
#crd
"ဖာရာရီ လမ်းခွဲ" ဆိုတဲ့ ဒီစာအုပ်ကို စာရေးဆရာ မိုးရှင်း (I.M.T) ကဘာသာပြန်ရေးသားထားတာပါ။ ဘာသာပြန်စာအုပ်အမည်လေးက ထူးခြားနေသလို မူရင်းစာအုပ် "The Monk Who Sold His Ferrari" ဆိုတဲ့အမည်လေးကလည်း တစ်မူထူးခြား စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ မူရင်းစာရေးသူကတော့ ကနေဒါနိုင်ငံသား ရော်ဘင်ရှာမာ (Robin Sharma) ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာကို ဖတ်ပြီးတဲ့အခါ ကျွန်တော့်အနေနဲ့ ဒီစာအုပ်ကို "လူကြီးဖတ် ပုံပြင်တစ်ပုဒ်" လို့မှတ်ချက်ပေးမိတယ်။
ကျွန်တော်တို့တွေအားလုံး ငယ်ငယ်က အဘိုး၊အဘွားတွေ၊ မိဘဆရာတွေ ပြောပြဖူးတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေ နားထောင်ဖူးကြမှာပါ။
ပုံပြင်တစ်ပုဒ်ကို နားထောင်ပြီးရင် ပုံပြင်ထဲက စိတ်ထားကောက်ကျစ်တဲ့ လူတွေကို ရွံရှာစက်ဆုပ်မုန်းတီးမိကြတယ်၊ စိတ်ထားရိုးဖြောင့်သူတွေအတွက် သနားကြင်နာမိသလို၊ အားကျအတုယူလိုစိတ်တွေ ဖြစ်ခဲ့ကြတယ်။
ဒီနေရာမှာ ဖြစ်ရပ်မှန်ဇာတ်လမ်း နဲ့ ပုံပြင်ဇာတ်လမ်း နှစ်ခုအကြောင်း နည်းနည်းဆွေးနွေးချင်မိတယ်။
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ဖတ်ရတဲ့အခါ လူတစ်ဦးတစ်ယောက်ရဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်အစုံစုံကို ရသစုံစွာ ခံစားလိုက်ရပေမယ့် သူ့ရဲ့ဇာတ်ကြောင်းဟာ သူ့အတွက်ဖြစ်နေတဲ့အတွက် ပုဂ္ဂလိက ဆန်လှတယ်။ ဘောင်ခတ် ကန့်သတ်ချက်ရှိတဲ့သဘောဖြစ်နေတယ်။
ပုံပြင်ဇာတ်လမ်းတစ်ခုကတော့ ဖတ်ရှုလိုက်ရတဲ့ လူမျိုးစုံအတွက် သူ့ဘဝတစ်လျှောက် ကြုံဆုံလာနိုင်တဲ့ လူ့သဘော၊ လူ့စရိုက်ကိုကိုယ်တိုင်တွေ့မြင်ခံစားလိုက်ရသလိုမျိုး တွေးတောယူလို့ရနိုင်တယ်။
အခုဒီစာအုပ်ကို ကျွန်တော်က ပုံပြင်စာအုပ်တစ်အုပ်လို့ ဘာကြောင့်ခိုင်းနှိုင်းရသလဲဆိုရင်...
စာအုပ်ထဲမှာပုံဖော်ထားတဲ့ ဇာတ်လမ်းအကြောင်းအရာတွေက ဒီနေ့ခေတ် လူသားတွေရဲ့ ဒုက္ခအဖုံဖုံ၊ ပြသနာအစုံစုံကို ပုံဖော်ထားလို့ပဲ။ လက်တွေ့ဘဝနဲ့ ထပ်တူကျနေတဲ့ အကြောင်းအရာတွေဖြစ်နေတာကြောင့် ဖတ်ရတဲ့သူတိုင်း ကိုယ့်စိတ်ဉာဉ်ကို မှန်သားပြင်မှာ တွေ့လိုက်ရသလို "ဟာ...ဟင်.." တွေ ဖြစ်သွားစေခဲ့တယ်။ ဒီလိုဆိုတော့ အခုစာအုပ်ဟာ နိုင်ငံတကာမှာ အရောင်းရဆုံး စံချိန်ချိုးခဲ့တာတွေ၊ အခုကျွန်တော်တို့နိုင်ငံမှာ ပါ ရောင်းအကောင်းဆုံး စာရင်းဝင်ခဲ့တာတွေက အံ့သြစရာမရှိပါဘူး။
ပြသနာအခက်အခဲတွေ၊ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ပြည့်နက်နေတဲ့ ဒီခေတ်လူတွေအတွက် " ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ဘဝ" ဆိုတာ အားလုံးရဲ့အိပ်မက်ပါ။ ဒီသုခရိပ်မြုံဆီ ခိုလှုံမှေးစက်နိုင်ဖို့ အခုစာအုပ်ထဲမှာ နည်းလမ်းတွေ ဖော်ပြပါရှိနေတာကလည်း လူတွေကို ပိုပြီးဆွဲဆောင်နိုင်ခဲ့ပြန်တယ်။
-------------------------------
ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က ဘွဲ့ရပြီး ဒိတ်ဒိတ်ကြဲအောင်မြင်ကြီးပွါးနေတဲ့ ရှေ့နေတစ်ယောက်။ သူ့နာမည်က ဂျူလီယန်မန်တဲလ်။ ဒေါ်လာ ၃၀၀၀ တန်ဝတ်စုံနဲ့အမြဲကြည့်ကောင်းနေတဲ့ ရှေ့နေကြီးဟာ တစ်နေ့မှာတော့ တရားရုံးအလယ်မှာ ရုတ်တရက် ပစ်လဲကျသွားခဲ့တယ်။ စည်းစိမ်ဥစ္စာကြွယ်ဝလှပေမယ့် စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ဖိစီးမှုဒဏ်ခံနေရတဲ့ ရှေ့နေကြီး နောက်ဆုံးတော့ ပိုင်သမျှ အားလုံးစွန့်ခဲ့လိုက်တယ်။ သူ့ရဲ့အိပ်မက်က စိတ် ငြိမ်းချမ်းမှုကိုရှာဖို့။ အိန္ဒိရဲ့ ကျေးလက်ဒေသတစ်ခုဆီ ခရီးထွက်ခဲ့တယ်။ အမြင့်ဆုံးစိတ်အေးချမ်းမှုကိုရဖို့ ဟိုး..ဟိမန္တာတောနက်ထဲမှာရှိတဲ့ သူတော်စင်တွေဆီ သွားရောက်ပညာသင်ယူ လေ့ကျင့်ခဲ့တယ်။ အသက်အရွယ်နဲ့ မမျှအောင် ဇရာရဲ့ထုထောင်းဒဏ်ခံခဲ့ရတဲ့ရှေ့နေကြီးဟာ ကံကောင်းစွာနဲ့ပဲ သူတော်စင်တွေဆီက ပညာတွေသင်ယူနိုင်ခဲ့ပြီ။ ဘဝသစ်၊ စိတ်သစ်၊ လူသစ်နဲ့ သူတတ်မြောက်ခဲ့တဲ့ ဘဝအနှစ်သာရပညာတွေကို လူသားတွေဆီ လက်ဆင့်ကမ်းဖြန့်ဝေပေးခွင့်ရခဲ့တယ်။
-------------------------------
ကျွန်တော်ပြောရဲတာကတော့ ဒီစာအုပ်ထဲက သူတော်စင်တွေပြောပြထားတဲ့ အကြောင်းအရာတွေက အားလုံးရဲ့ ဘဝလက်ကျန်နေ့ရက်သစ်တွေအတွက် အဓိပ္ပါယ်ရှိတဲ့ အတွေးတွေ ရရှိစေမှာ။
ကိုယ့်ရဲ့အတွေးတွေက အဓိပ္ပါယ်ရှိလာရင် ကိုယ့်ရဲ့လုပ်ရပ်တွေဟာ အဓိပ္ပါယ်ရှိလာမယ်။
ကိုယ့်ရဲ့လုပ်ရပ်တွေ အဓိပ္ပါယ်ရှိလာရင် အလေ့အကျင့်တွေဟာ အဓိပ္ပါယ်ရှိလာမယ်။
အလေ့အကျင့်တွေ အဓိပ္ပါယ်ရှိလာရင် အကျင့်စရိုက်တွေ အဓိပ္ပါယ်ရှိလာမယ်။
အဲဒီ အဓိပ္ပါယ်ပြည့်ဝတဲ့ အကျင့်စရိုက်တွေကပဲ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဖော်ဆောင်ပေးတာပါပဲ။
ကျွန်တော်တို့တတွေ ငယ်ငယ်ကတည်းက စွဲလာတဲ့အတွေးတစ်ခုရှိတယ်။
သူများလုပ်တိုင်း ကိုယ်လိုက်လုပ်ရမယ်။
သူများတောင်မလုပ်တာ ကိုယ်လည်း လုပ်စရာမလိုပါဘူးဆိုတဲ့ အတွေးတွေပဲ။
တစ်ခါလောက် ကိုယ်ပိုင်အယူအဆနဲ့ ကိုယ်ပိုင်ဘဝကို တည်ဆောက်မကြည့်ချင်ဘူးလား..?
ဒီစာအုပ်က ကိုယ်ပိုင်ဘဝကို ကိုယ်ပိုင်အယူအဆနဲ့ တည်ဆောက်ရဲတဲ့ သတ္တိတွေ ရလာစေမယ်လို့ ယုံကြည်ပါတယ်။
လူတချို့ရှိကြတယ်။ တခြားသူလုပ်မိတဲ့အမှားကနေ သင်ခန်းစာယူကြတာ။
တချို့လူတွေကတော့ ကိုယ်တိုင်နာကျင်ခံစားဖူးမှ သင်ခန်းစာရကြတာ။
ဒီစာအုပ်ဟာ ကိုယ်တိုင်မနာကျင်လိုက်ရဘဲ တခြားသူဆီက ပညာရချင်တဲ့လူတွေအတွက်ပဲဖြစ်ပါတယ်။