Thursday, January 5, 2023

စံပယ်ဖြူနု

ခေတ်ရယ် အချစ်ရယ်
 
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ သီရိမြိုင်အဆောင်မှာ ဒေသအသီးသီးက လာရောက်ကြတဲ့ အဆောင်သူလေးများရဲ့ ဘဝနဲ့အချစ်ကို ရေးဖွဲ့ထားတဲ့ ဝတ္ထုလေးပါ။
တချို့တွေက ကိုယ်ဝါသနာပါရာ လုပ်ဆောင်နိုင်ဖို့ ရန်ကုန်မြို့ကြီးကို လာကြတယ်။ တချို့တွေကတော့ ဝမ်းရေးအတွက် ၊တချို့ကတော့ ပညာရေးအတွက်၊ တချို့ကတော့ အိမ်မှာ မနေချင်လို့။ အမျိုးမျိုးသော လူဘဝအကြောင်းကြောင်းတွေကြောင့် မေခိုင်၊ မြသီတာ၊ ခင်သစ္စာ၊ ထားထားလွင်၊ နွေရီထွန်း တို့ သီရိမြိုင်မှာ ဆုံတွေ့ကြရတယ်။
       နာမည်ရှေ့တွေမှာ မယ်ထည့်ပြီး သုံးတတ်ကြတာ အဆောင်နေသူတွေရဲ့ စရိုက် ထင်ပါရဲ့။
စာဖတ်သူ တို့လည်း အခုလိုမျိုးလေး သုံးခဲ့ဖူးတာကို သတိရမိပါတယ်။ အဆောင်မှာနေကြတာချင်းအတူတူ ခြေဆော့၊လက်ဆော့ အဆောင်သူကလည်း ပါတတ်မြဲဖြစ်ရာ တရားခံကို အတိအကျ မသိရခင် သူလေလား၊ ကိုယ်လေလား သံသယတွေနဲ့ နေကြတာတွေ အဆောင်နေဖူးသူတိုင်း ကြုံရတဲ့ ပြဿနာလေးပါပဲ။
          သီရိမြိုင်မှာ နေကြတဲ့ ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ ဇာတ်ကောင်စရိုက်နဲ့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါတယ်။
ရန်ကုန်မြို့ကြီးမှာ ကျောတစ်နေရာစာရဖို့ အလွန်ခက်ခဲကြောင်းကိုလည်း ရေးပြထားလို့ ရန်ကုန်မြို့ရဲ့ လက်ရှိအ‌ခြေအနေပုံရိပ်ကို ထင်ဟပ်စေပါတယ်။
     ‌သွေးမတော်သားမစပ် ၊ရေစက်ဆုံလို့သာကြုံရတဲ့ အဆောင်သူအချင်းချင်း ဖေးမကူညီ၊ သည်းခံခွင့်လွှတ်ပြီး နေကြပုံလေးတွေက အတုယူဖွယ်ပါပဲ။
လူတွေရဲ့အမြင်မှာတော့ ရန်ကုန်မှာနေတယ်ဆိုတဲ့ ပြောစကားတွေနဲ့ တင့်တယ်နေရပေမယ့် အဆောင်သူတွေမှာ သူတို့ရဲ့ လစာတွေကို ကျစ်ကျစ်လျစ်လျစ် တစ်လနဲ့ တစ်လ အလျင်မှီအောင်သုံးစွဲနေရတာတွေဟာ အဆောင်နေသူတွေရဲ့ ဘဝပုံရိပ်ပါပဲ။




No comments:

Post a Comment